ကျောက်တံခါး ဖေဖော်ဝါရီ ၎
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန် - နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၅/၃နှင့်၎အကြား၌ ဖေဖော်ဝါရီ ၄ရက် နံနက် ၉နာရီခွဲက မိသားစုစီးလာသည့် ယာဉ်တစ်စီးတိမ်း မှောက်မူဖြစ်ပွားခဲ့ရာ တစ်ဦးသေ ငါးဦးဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဝင်းကို ၃၄နှစ်(ဘ) ဦးထွန်းကို ကန်ရင်းကျေးရွာ သရက်တောမြို့ နယ် စစ်ကိုင်းတိုင်းဒေသကြီးနေသူ မောင်းနှင်သည့် 9k/- - - - SUZUKI CARRY(PICKUK) အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းမြေသား လမ်းပေါ်သို့ လဲကျ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား ၅ဦး မ၄ဦးအနက် ကျား၃ဦး မ၂ဦးတို့မှာ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိ၍ ဒေါ်ခင်ချိုဝင်း ၅၄နှစ် (ဘ) ဦးထွန်းကို မြဝတီရပ်ကွက် မုံရွာမြို့နေသူတွင် ဦးခေါင်းပေါက်ပြဲ ဝဲခြေသလုံး ပွန်းပြဲဒဏ်ရာတို့ဖြင့် နေရာတွင်သေဆုံးခဲ့ပြီး ဒဏ်ရာရလူနာများနှင့်အတူ မြို့ချောင်းအမြန်လမ်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ယာဉ်မှာလည်း ဝဲဘက်ခြမ်းဘော်ဒီနှင့် အမိုးကိုင်း ပိန်ချိုင့်ပျက်စီးခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်း ရဲစခန်းမှ ယာဉ်မောင်းဝင်းကိုအား အမူဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)
ကျောက်တံခါးမြို့နယ် ရှုထောင့်မီဒီယာအဖွဲ့ 
အမြန်လမ်း ၈၅မိုင် ၃ဖာလုံအနီး ယာဉ်တိမ်းမှောက် တစ်ဦးသေ ငါးဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
06:47
Rating:
