၂၆.၂.၂၀၁၇ ရက်နေ့၊ ၁၀း၁၀ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မီးသတ်စခန်း၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ ကုက္ကိုလ်လှကျေးရွာရှိ ရေအရင်းမြစ်ဦးစီးဌာန ရှင်းလင်းဆောင်အနီးတွင် ရေပိုက်လုံးအတွင်း ၀င်ကစားတဲ့ ကလေး ၂ဦး ပိတ်မိနေကြောင်း သိရပါသည်။
မကြယ်စင်ခိုင် အသက် ၅နှစ်နှင့် မောင်ထက်မြတ် အသက် ၅နှစ်တို့နှစ်ဦးသည် ကျေးရွာများသို့ စိုက်ပျိုးရေပေးဝေသည့် အချင်း (၁)ပေ၊ အထူ (၁)လက်မခန့်ရှိ သံပိုက်လုံးအတွင်း ဝင်ရောက်ဆော့ကစားနေရာမှ မကြယ်စင်ခိုင်သည် သံပိုက်လုံးအတွင်းမှ ပြန်မထွက်နိုင်ဘဲ ခြေထောက်ကန့်လန့်ဖြတ်အနေအထား ပိတ်မိနေခြင်း ဖြစ်သည်။
ပြည်သူတစ်ဦးမှ ၁၀း၁၂ အချိန်တွင် လာရောက်သတင်းပေးပို့သဖြင့် ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူးဦးကျော်နိုင်ဦးစီး၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၁၀း၃၅ အချိန်တွင် အောင်မြင်စွာကယ်တင်နိုင်ခဲ့ပြီး ခါးအနည်းငယ်ပွန်း၊ ဒူးဆစ်အနည်းငယ်နာ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သဖြင့် ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
Myanmar Fire Services Department
သံပိုက်လုံးအတွင်း ၀င်ကစားပြီး ပြန်မထွက်နိုင်တဲ့ ကလေး ၂ဦးအား ကယ်ဆယ်
Reviewed by THITHTOOLWIN
on
00:02
Rating:
