လောင်းလုံးမြို့ နယ်၊ တောင်မင်းပြောင်ကျေးရွာတွင် လူနေအိမ်(၄)လုံးမီးလောင်မှုဖြစ်ပွား


ထားဝယ် ဖေဖော်ဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့ နယ်၊တောင်မင်းပြောင်ကျေးရွာတွင် ဖေဖော်ဝါရီ၂၀ရက်နေ့ နံနက် ၀၉း၅၀နာရီအချိန်၌မီးလောင်မှုဖြစ်ပွားကြောင်းသိရှိရသည်။
ဖြစ်စဉ်တွင်တောင်မင်းကျေးရွာတွင်နေထိုင်သောဦးအောင်ကြည်နေအိမ်၌၀၉း၅၀နာရီအချိန်တွင် ဆီပူအိုးတည်ရာမှမီးစတင်လောင်ကျွမ်းမှုဖြစ်ပွားပြီးမီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးဦးသန်းထွဋ်ဦးဦးဆောင်၍သန္ဓေမီးသတ်တပ်ဖွဲ့ ဝင် (၃၀)ဦး ၊အုပ်ချုပ်မှုယာဉ်( ၁ )စီး၊မီးငြိမ်းသတ်ယာဉ်(၂)စီး ၊ ရေသယ်ယာဉ်( ၂ )စီး ၊ ရေသယ်ထော်လာဂျီ (၁)စီး နှင့်အတူ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ မှ ခရိုင်ရဲမှူး ဒုရဲမှူးကြီးအောင်ထွန်းဦးဆောင်သောရဲတပ်ဖွဲ့ ဝင်( ၁၃ )ဦး၊အရန်မီးသတ်တပ်ဖွဲ့  (၁၅)ဦး နှင့်ဒေသခံပြည်သူများဝိုင်းဝန်းငြိမ်းသတ်ရာ၁၀း၄၀ နာရီအချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။


မီးလောင်မှုမှာ( ၁၅ပေ x ၂၀ပေ )သွပ်မိုး ၊ ပျဉ်ကာ ၊ ပျဉ်ခင်း ၊ လူနေအိမ် ( ၃ )လုံး ၊ ( ၁၅ပေ x ၂၅ပေ )သွပ်မိုး ၊ ပျဉ်ကာ ၊ ပျဉ်ခင်း ၊ လူနေအိမ် ( ၁ )လုံးစုစုပေါ်င်းလူနေအိမ်(၄)လုံးလောင်ကျွမ်းခဲ့ပြီးမီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် အသက်( ၁၂ )နှစ်အထက်ကျား( ၂ )ဦး ၊ မ ( ၃ )ဦး ၊ အသက်( ၁၂ )နှစ်အောက်ကျား( ၁ )ဦး ၊ မ ( ၇ )ဦး၊ မီးလောင်မှုအားရေဂါလန် ( ၄၀၀၀ )ခန့် အသုံးပြုငြိမ်းသတ်ကာဆုံးရှုံးမှုတန်ဖိုးမှာ ( ၉၅၆၀၀၀ိ/-)( ကျပ်ကိုးသိန်းငါးသောင်းခြောက်ထောင်ခန့် )ဆုံးရှုံးကြောင်းသိရှိရသည်။


မီးပေါ့ဆစွာသုံးစွဲခဲ့သောဦးအောင်ကြည် အသက်( ၇၈ )နှစ် ၊ ( အဘ )ဦးဖိုးဟန် အား ပြစ်မှုဆိုင်ရာပုဒ်မ( ၂၈၅ ) ( ပ )အမှတ် ( ၁၀ /၂၀၁၇ ) ဖြင့် မောင်းမကန်နယ်မြေရဲတပ်ဖွဲ့ စခန်းတွင် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လောင်းလုံးမြို့ နယ်၊ တောင်မင်းပြောင်ကျေးရွာတွင် လူနေအိမ်(၄)လုံးမီးလောင်မှုဖြစ်ပွား  လောင်းလုံးမြို့ နယ်၊ တောင်မင်းပြောင်ကျေးရွာတွင် လူနေအိမ်(၄)လုံးမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.