ဒိုက်ဦးမြို့နယ်၌ လျှပ်စစ်မီးပေါ့ဆစွာ သုံးစွဲသဖြင့် နေအိမ်မီးလောင်မူ့ဖြစ်ပွား


ဒိုက်ဦး ဖေဖော်ဝါရီ ၂၁

ဖေဖော်ဝါရီ၂၀ရက်နေ့ ည၁၀ နာရီအချိန်က၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အေးသုခကျေးရွာ(၃)ရပ်ကွက်၊ ၀ါးတူလမ်းနေ ဦးသန်းဋ္ဌေး(၈၀)နှစ်သည်ဇနီးဖြစ်သူ မနီနီကျော်(၄၀)နှစ်နှင့်အတူ နေအိမ်အောက်တွင် အိပ်ပျော်နေစဉ် ၎င်း၏သွပ်မိုးပျဉ်ခင်း၊ နံရံကပ်နှစ်ထပ်တိုက်အိမ်၏ အပေါ်ထပ်ဘုရားစင်တွင် မီးပူဇော်ထားသော လျှပ်စစ်မီးမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသားများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၀း၃၀အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်ကျွမ်းမှုကြောင့် ပတ်ဝန်းကျင်နေအိမ်များ ဆုံးရှုံးခြင်း၊ လူတိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိဘဲ ဦးသန်းဌေးနေအိမ် ပျဉ်ခင်း၊ အမိုးအကာ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများ လောင်ကျွမ်းခဲ့ပြီး ကာလတန်းဖိုး(၃၅၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မီးပေါ့ဆစွာ သုံးစွဲသူဦးသန်းဌေးအား နယ်မြေရဲစခန်းအေးသုခ(ပ)၂၈/၂၀၁၇ရာဇသတ်ကြီး ပုဒ်မ၂၈၅အရအမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

မြို့နယ်(ပြန်ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒိုက်ဦးမြို့နယ်၌ လျှပ်စစ်မီးပေါ့ဆစွာ သုံးစွဲသဖြင့် နေအိမ်မီးလောင်မူ့ဖြစ်ပွား ဒိုက်ဦးမြို့နယ်၌ လျှပ်စစ်မီးပေါ့ဆစွာ သုံးစွဲသဖြင့် နေအိမ်မီးလောင်မူ့ဖြစ်ပွား Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.