ကျောင်းကုန်းမြို့ ဓနုံးချောင်းရွာအနီး ရုတ်တရက် လမ်းဖြတ်ကူးသူအား ဆိုင်ကယ်တိုက်မိ၍ သေဆုံး


ဖေဖော်ဝါရီ ၁၀ ရက်နေ့ မွန်းလွဲ ၂း၁၅ နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကံကလေးအုပ်စု၊ ဓနုံးချောင်းရွာအနီးတွင် "မြင့်"ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှဆင်းပြီး လမ်း၏တစ်ဖက်ခြမ်းသို့ ဖြတ်ကူးစဉ် ဆိုင်ကယ်တိုက်မိပြီး သေဆုံးမှုဖြစ်ပွား ခဲ့သည်။


အမှုမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မွန်းလွဲ ၂း၁၅ နာရီအချိန်ခန့်တွင် ပုသိမ်-မုံရွာကားလမ်း ၊မိုင်တိုင်အမှတ် ၃၂/၄ နှင့် ၃၂/၅ ကြား ၊ဓနုံးချောင်းကျေးရွာ အနီးတွင် ဒေါ်လှမြင့်(၆၅)နှစ်၊ဓနုံးချောင်းရွာ၊ကံကလေးအုပ်စု နေသူသည် ရန်ကုန်-ပုသိမ်ပြေးဆွဲသည့် "မြင့်" ခရီိးသည်တင်မှန်လုံယာဉ်ပေါ်မှဆင်းပြီး လမ်း၏တစ်ဖက်ခြမ်းသို့ ဖြတ်ကူးစဉ် ပုသိမ်ဘက်မှ ကံကလေးဘက်သို့ ကိုထွေး (၂၅)နှစ်၊မာလာကွင်းရွာ၊ လှည်းဆိပ်အုပ်စုနေသူ မောင်းနှင်ပြီး ၊နောက်တွင် ကိုသန့်ဇော် လိုက်ပါစီးနင်းလာသော ၄၀ယ/-------------အနီရောင်ဆိုင်ကယ်မှ ဝင်ရောက်တိုက်မိကာ ဒေါလှမြင့် သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားသည်။

 ယာဉ်မဆင်မခြ င်မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်သေစေသူ ကိုထွေးအား လှည်းဆိပ်ရဲကင်းစခန်းမှူး ရဲအုပ်ညွန့်အောင်မှတရားလိုပြုလုပ်၍ ကျောင်းကုန်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၉/၂၀၁၆၊ရာဇသတ်ကြီိးဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောင်းကုန်းမြို့ ဓနုံးချောင်းရွာအနီး ရုတ်တရက် လမ်းဖြတ်ကူးသူအား ဆိုင်ကယ်တိုက်မိ၍ သေဆုံး  ကျောင်းကုန်းမြို့  ဓနုံးချောင်းရွာအနီး ရုတ်တရက် လမ်းဖြတ်ကူးသူအား ဆိုင်ကယ်တိုက်မိ၍ သေဆုံး Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.