ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ၌ နေအိမ် (၃) လုံးမီးလောင်၊ လူတစ်ဦးသေဆုံး


ဟားခါး ဖေဖော်ဝါရီ ၂၄

ဖေဖော်ဝါရီ ၂၄ ရက် နံနက် (၀၀း၁၀) အချိန်တွင် ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ချယ်ရီလမ်းနှင့် အ.ထ.က(၁) ပညာရေးဝန်ထမ်း အိမ်ရာကြားရှိ ဦးလျန်တီလ် ၏ နေအိမ် မီးလောင်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၄င်းဦးလျန်တီလ် ၏ နေအိမ်အပေါ်ထပ်၌ ငှားရမ်းနေထိုင်သူ ဦးရန်အောင်ကျော်သည် ဖယောင်း တိုင်မီး ထွန်းညှိထားခဲ့ရာ မွေ့ယာပေါ်သို့ ကူးစက်လောင်ကျွမ်းရာမှ မီးစတင်လောင်ကျွမ်းခဲ့ကာ မီးလောင်ကျွမ်း သည့် အိမ်၏ တောင်ဘက်ဘေးကပ်လျက်ရှိ ဒေါ်နီိဟီးယား ၏ နေအိမ်တစ်လုံး၊ အရှေ့ဘက် မျက်နှာချင်းဆိုင်ရှိ ဦးဟရဲဘီလ်၏ နေအိမ်တစ်လုံး ကူးစက်လောင်ကျွမ်းခဲ့ပြီး အိမ်ငှား ဦးရန်အောင်ကျော်မှာ သေဆုံး ခဲ့ကြောင်း သိရသည်။

မီးလောင်ရာ နေရာသို့ ဟားခါးမြို့နယ်ခေတ္တ အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးကြည်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစာရုံမန်း၊ ဈေးသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ၊ မီးသတ် တပ်ဖွဲ့ဝင် (၃၀)ဦးတို့က မီးသတ်ယာဉ် (၆)စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ (၀၀း၅၀)အချိန်တွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်မိသားစုဝင် ကျား(၁၁)ဦး ၊ မ (၁၄)ဦး၊ ပေါင်း (၂၅)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရာ တာဝန်ရှိသူများက နီးစပ်ရာဆွေမျိုးများ နေအိမ်၌ နေရာချထားပေးခဲ့ကြကြောင်း သိရသည်။

ဟားခါးခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ၌ နေအိမ် (၃) လုံးမီးလောင်၊ လူတစ်ဦးသေဆုံး ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ၌ နေအိမ် (၃) လုံးမီးလောင်၊ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 11:14 Rating: 5
Powered by Blogger.