မုံရွာ နည်းပညာကျောင်းအနီး ဘော်ဒါဆောင်တစ်လုံး မီးလောင်


မုံရွာ၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာနည်းပညာ တက္ကသိုလ်အနီး ဘော်ဒါဆောင်တစ်လုံးမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၊ (၀၀း ၁၀) မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မုံရွာခရိုင် မီးသတ်ဦးစီးမှူး ဦးညီညီဇော်နှင့်အဖွဲ့က မီးသတ်ယာဉ် (၁၁)စီးဖြင့်သွားရောက်ငြိမ်းသတ်ခဲ့သည်။

မီးစတင်လောင်ကျွမ်းရခြင်းအား မီးသတ်ဦးစီးမှူးနှင့်အဖွဲ့က စစ်ဆေးဆောင်ရွက်လျက်ရှိရာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် တန်ဘိုး ပမာဏလည်း တွက်ချက်ခန့်မှန်းလျက်ရှိသည်။


'' မီးလောင်တဲ့ အဆောင်က ကောင်းဆက်နိုင် အဆောင်လို့ သိရပါတယ်။ အဆောင်နေ ကျောင်းသား မရှိပါဘူး။ အစောင့်လောက်ဘဲရှိတာပါ ။ .. မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ကျော်မှ ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် မီးစတင်လောင်ခဲ့သည့် အဆောင်အား အနီးဝန်းကျင်ရှိ နည်းပညာကျောင်းသားများမှ စုပေါင်းအားဖြင့် ၀ိုင်းဝန်ငြိမ်းသတ်ခဲ့ရာ အနီးဝန်းကျင်သို့ ကူးဆက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ နည်းပညာကျောင်းအနီး ဘော်ဒါဆောင်တစ်လုံး မီးလောင် မုံရွာ နည်းပညာကျောင်းအနီး ဘော်ဒါဆောင်တစ်လုံး မီးလောင် Reviewed by THITHTOOLWIN on 07:23 Rating: 5
Powered by Blogger.