ယခုနှစ်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များကို အကန့်အသတ်ဖြင့် ဆောက်လုပ်ခွင့်ပြုရန် စီစဉ်နေ


၂၀၁၇ သင်္ကြန်ကာလတွင် စီးပွားဖြစ်မဏ္ဍပ်များကို လမ်းမများပေါ်တွင်မဟုတ်ဘဲ အားကစားကွင်း၊ ပန်းခြံ အစရှိသည့် သီးခြားနေရာများတွင် ခွင့်ပြုရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

''ဒီနှစ်မှာလည်း ဟိုအရင်ကလို မဏ္ဍပ်ကိစ္စနဲ့ ဈေးကွက်တခုဖြစ်မလာစေဖို့ မဏ္ဍပ်နေရာချထားရေးနဲ့ ကြံ့ခိုင်ရေးတွေကို သေချာစစ်ဆေးဆောင်ရွက်သွားမယ်။ စီးပွားဖြစ်မဏ္ဍပ်တွေကို မိုင်ဒါကွင်းလို ကျယ်တဲ့ဝင်းတစ်ခုမှာ သီးခြားခွင့်ပြုဖို့ပေါ့။ မဏ္ဍပ်လျှောက်လို့ရမယ့်နေ့ရက်ကို မကြာခင် ကြေညာမယ်။ သက်ဆိုင်ရာ ထွေ/အုပ်ရုံးတွေက သဘောထားမှတ်ချက်နဲ့ လာလျှောက်ရင် သေချာစိစစ်ပြီး နေရာချထားပေးသွားမယ်''ဟု ၎င်းက ဆိုသည်။

သင်္ကြန်မဏ္ဍပ်များကို ပေ ၂၀ မှ ၄၉ ပေအထိ အသေးစားမဏ္ဍပ်၊ ပေ ၅၀ မှ ၉၉ ပေအထိ အလတ်စားမဏ္ဍပ်နှင့် ပေ ၁၀၀ အထက်ကို အကြီးစားမဏ္ဍပ် ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။

''စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်ခွင့်မပေးတော့ လက်မှတ်ပါမစ်ပွဲစားတွေ၊ ဘာတွေကိစ္စမရှိတော့ဘူးပေါ့။ အခုမြို့နယ်တခုမှာ မဏ္ဍပ်တခုလုပ်ရမယ်လို့လည်း ကြားရတယ်။ မြို့နယ်အနေနဲ့ ဘယ်လို ဆောက်လို့ရမလဲ လုပ်ရဦးမယ်''ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ဦးညီညီက ပြောသည်။

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နှင့် ခရိုင်မဏ္ဍပ်လေးခုကို ယခင်ဆောက်လုပ်နေကျအတိုင်း ပြုလုပ်သွားမည်ဖြစ်ပြီး ယခင်နှစ်ကကဲ့သို့ ကိုယ်ပိုင်ခြံရှေ့နရာများတွင် မဏ္ဍပ်ထိုးပြီး ငှားရမ်းခဈေးများ မြင့်တက်မသွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁၇ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

နောင်နောင်
News Watch
https://www.facebook.com/NewsWatchJournal/
ယခုနှစ်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များကို အကန့်အသတ်ဖြင့် ဆောက်လုပ်ခွင့်ပြုရန် စီစဉ်နေ ယခုနှစ်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များကို အကန့်အသတ်ဖြင့် ဆောက်လုပ်ခွင့်ပြုရန် စီစဉ်နေ Reviewed by THITHTOOLWIN on 12:58 Rating: 5
Powered by Blogger.