တီဂူစီဂါလ်ပါ ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
ဟွန်ဒူးရက်စ်နိုင်ငံတောင်ပိုင်း အဝေးပြေးလမ်းမ တစ်ခုပေါ်၌ ဖေဖော်ဝါရီလ ၅ ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး နှင့် ကုန်တင်ကားငယ် တစ်စီးတို့ ခေါင်းချင်းဆိုင်ယာဉ်တိုက်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁၇ ဦးသေဆုံးပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြသည်။
အခင်းဖြစ်နေရာသည် ဟွန်ဒူးရက်စ်နိုင်ငံမြို့ တော် တီဂူစီဂါလ်ပါ နှင့်နိုင်ငံတောင်ပိုင်းကို ဆက်သွယ်ပေးသော အဝေးပြေးလမ်းမပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုအတွင်း အနည်းဆုံး လူပေါင်း ၁၇ ဦးသေဆုံးပြီး ၃၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း La Presa နေ့ စဉ်သတင်းစာက ဆိုသည်။
သေဆုံးသူများထဲမှ ၁၄ ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ရခြင်းဖြစ်ပြီး ကျန် ၃ ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ဓာတ်ပုံများအရ ကုန်တင်ကားမှာ တစောင်းအနေအထား တိမ်းမှောက်သွားပြီး ကားနှစ်စီးမှာ ခေါင်းချင်ဆိုင်အနေအထား ဖြစ်နေကြောင်း မြင်တွေ့ ရသည်။
ခရီးသည်တင်ဘတ်စ်ကားပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင်က San Miguelito မြို့ ၏ မြို့ တော်ဝန်သားလည်း လိုက်ပါလာကြောင်း နှင့် ယာဉ်ပေါ်တွင် ခရီးသည် စုစုပေါင်း ၆ဝ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။
China Xinhua News
ဟွန်ဒူးရက်စ်နိုင်ငံ အဝေးပြေးလမ်းမပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားရာ ၁၇ ဦးသေဆုံး ၊ ၃၅ ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
10:59
Rating:
