အိမ်​စီးကား နှစ်​စီး ထပ်​မံရိုက်​ခွဲခံရ


မုံရွာ၊ ​ဖေ​ဖော်​ဝါရီ-၃

မုံရွာမြို့  ​အောင်​မင်္ဂလာရပ်​ကွက်​ ​အောင်​ရိပ်သာလမ်း ​နေအိမ်​​ရှေ့တွင်​ ရပ်​ထား​သော အိမ်​စီးကားနှစ်​စီးအား အမည်​မသိလူတစ်​စုမှ ရိုက်​ခွဲဖျက်​ဆီး သွားခဲ့​ကြောင်းသိ ရသည်​။

အဆိုပါရိုက်​ခွဲမူသည်​ ​ဖေ​ဖော်​ဝါရီလ ၃ ရက်​ မနက်​ ၃ နာရီခန့်​က ရိုက်​ခွဲခံရခြင်းဖြစ်​​ကြောင်း အနီးပါတ်​ဝန်းကျင်​ ​နေထို​င်​သူများက ​ပြောသည်​။


ရိုက်​ခွဲခံရသည့်​ ကားပိုင်​ရှင်​က "မနက်​အိပ်​ယာထမှ အိမ်​နီးခြင်း​တွေ ​ပြောလို့သိရတာ ကျ​နော်​​ကြောက်​တာက ကား​တွေထဲကို ဥပ​ဒေမဲ့ ပစ္စည်း​တွေထဲ့သွားမှာ ​ကြောက်​တယ်​၊ မလုံခြုံသလိုလဲ ခံစားရတယ်​အ​ကြောင်းမဲ့ဖျက်​ဆီးတာ ခံခဲရတာပါ"ဟု ​ပြောဆိုခဲ့သည်​။

နိုဝင်​ဘာလ ၂၁ ရက်​ ညအချိန်​တွင်​ ​အဆိုပါ လမ်း​ပေါ်တွင်​ အိမ်​စီးကားနှစ်​စီး ရိုက်​ခွဲ ဖျက်​ဆီးခံခဲ့ရသည်​ ၃ လ အတွင်း တစ်​လမ်းထဲ အိမ်​စီးကား ၄ စီးအ​ကြောင့်​မဲ့ ဖျက်​ဆီးခံခဲ့ရ​ကြောင်းသိရသည်​။

ခွန်​ဇက်​​ခေါင်
Monywa Gazette
https://www.facebook.com/monywagazette

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ