အိမ်​စီးကား နှစ်​စီး ထပ်​မံရိုက်​ခွဲခံရ


မုံရွာ၊ ​ဖေ​ဖော်​ဝါရီ-၃

မုံရွာမြို့  ​အောင်​မင်္ဂလာရပ်​ကွက်​ ​အောင်​ရိပ်သာလမ်း ​နေအိမ်​​ရှေ့တွင်​ ရပ်​ထား​သော အိမ်​စီးကားနှစ်​စီးအား အမည်​မသိလူတစ်​စုမှ ရိုက်​ခွဲဖျက်​ဆီး သွားခဲ့​ကြောင်းသိ ရသည်​။

အဆိုပါရိုက်​ခွဲမူသည်​ ​ဖေ​ဖော်​ဝါရီလ ၃ ရက်​ မနက်​ ၃ နာရီခန့်​က ရိုက်​ခွဲခံရခြင်းဖြစ်​​ကြောင်း အနီးပါတ်​ဝန်းကျင်​ ​နေထို​င်​သူများက ​ပြောသည်​။


ရိုက်​ခွဲခံရသည့်​ ကားပိုင်​ရှင်​က "မနက်​အိပ်​ယာထမှ အိမ်​နီးခြင်း​တွေ ​ပြောလို့သိရတာ ကျ​နော်​​ကြောက်​တာက ကား​တွေထဲကို ဥပ​ဒေမဲ့ ပစ္စည်း​တွေထဲ့သွားမှာ ​ကြောက်​တယ်​၊ မလုံခြုံသလိုလဲ ခံစားရတယ်​အ​ကြောင်းမဲ့ဖျက်​ဆီးတာ ခံခဲရတာပါ"ဟု ​ပြောဆိုခဲ့သည်​။

နိုဝင်​ဘာလ ၂၁ ရက်​ ညအချိန်​တွင်​ ​အဆိုပါ လမ်း​ပေါ်တွင်​ အိမ်​စီးကားနှစ်​စီး ရိုက်​ခွဲ ဖျက်​ဆီးခံခဲ့ရသည်​ ၃ လ အတွင်း တစ်​လမ်းထဲ အိမ်​စီးကား ၄ စီးအ​ကြောင့်​မဲ့ ဖျက်​ဆီးခံခဲ့ရ​ကြောင်းသိရသည်​။

ခွန်​ဇက်​​ခေါင်
Monywa Gazette
https://www.facebook.com/monywagazette
အိမ်​စီးကား နှစ်​စီး ထပ်​မံရိုက်​ခွဲခံရ အိမ်​စီးကား နှစ်​စီး ထပ်​မံရိုက်​ခွဲခံရ Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.