မုံရွာ၊ ဖေဖော်ဝါရီ-၃
မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် အောင်ရိပ်သာလမ်း နေအိမ်ရှေ့တွင် ရပ်ထားသော အိမ်စီးကားနှစ်စီးအား အမည်မသိလူတစ်စုမှ ရိုက်ခွဲဖျက်ဆီး သွားခဲ့ကြောင်းသိ ရသည်။
အဆိုပါရိုက်ခွဲမူသည် ဖေဖော်ဝါရီလ ၃ ရက် မနက် ၃ နာရီခန့်က ရိုက်ခွဲခံရခြင်းဖြစ်ကြောင်း အနီးပါတ်ဝန်းကျင် နေထိုင်သူများက ပြောသည်။
ရိုက်ခွဲခံရသည့် ကားပိုင်ရှင်က "မနက်အိပ်ယာထမှ အိမ်နီးခြင်းတွေ ပြောလို့သိရတာ ကျနော်ကြောက်တာက ကားတွေထဲကို ဥပဒေမဲ့ ပစ္စည်းတွေထဲ့သွားမှာ ကြောက်တယ်၊ မလုံခြုံသလိုလဲ ခံစားရတယ်အကြောင်းမဲ့ဖျက်ဆီးတာ ခံခဲရတာပါ"ဟု ပြောဆိုခဲ့သည်။
နိုဝင်ဘာလ ၂၁ ရက် ညအချိန်တွင် အဆိုပါ လမ်းပေါ်တွင် အိမ်စီးကားနှစ်စီး ရိုက်ခွဲ ဖျက်ဆီးခံခဲ့ရသည် ၃ လ အတွင်း တစ်လမ်းထဲ အိမ်စီးကား ၄ စီးအကြောင့်မဲ့ ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။
ခွန်ဇက်ခေါင်
Monywa Gazette
https://www.facebook.com/monywagazette
အိမ်စီးကား နှစ်စီး ထပ်မံရိုက်ခွဲခံရ
Reviewed by THITHTOOLWIN
on
18:15
Rating:
