ကျောက်တံခါးမြို့တွင် ဘုတ်ဆုံမဟင်းမွှေး မဆလာ ကုန်တင်ယာဉ် တိမ်းမှောက်မူဖြစ်ပွား


ကျောက်တံခါး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မ ရဲစခန်းအပိုင် ရန်ကုန် - မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၀/၂နှင့် ၃အကြား ရမ်းမကျန်းကျေးရွာအနီး၌ ဖေဖော်ဝါရီ ၉ရက် ညနေ ၃နာရီခွဲက  ဘုတ်ဆုံမဟင်းမွှေး မဆလာများ တင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မူ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းလှမျိုးသူ၂၇နှစ် (ဘ) ဦးမြင့်သိန်း (၆) ရပ်ကွက်
လှိုင်သာယာမြို့နယ် ရန်ကုန်မြို့နေသူ မောင်းနှင်သည့် ယာဉ်အမှတ်9B/4484 CAN TER box
၆ဘီး အစိမ်းရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ယာဘက်ခြမ်း လမ်းမပေါ်သို့ လဲကျတိမ်းမှောက်
ခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် ထိခိုက်ဒဏ်ရာ မရရှိသော်လည်း ယာဉ်မှာဝဲဘက်ခေါင်းပိုင်းနှင့် ကိုယ်ထည်ပိန်ချိုင့်ပျက်စီးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒုရဲအုပ်ကျော်ကျော်ခိုင်မှ စစ်ဆေးဆောင်ရွက်ကာ ကျောက်တံခါးမြို့
မရဲစခန်းမှ ယာဉ်(ပ)၆/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ၂၇၉အရ ယာဉ်မောင်းလှမျိုးသူအားအမူဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောက်တံခါးမြို့တွင် ဘုတ်ဆုံမဟင်းမွှေး မဆလာ ကုန်တင်ယာဉ် တိမ်းမှောက်မူဖြစ်ပွား ကျောက်တံခါးမြို့တွင် ဘုတ်ဆုံမဟင်းမွှေး မဆလာ ကုန်တင်ယာဉ် တိမ်းမှောက်မူဖြစ်ပွား Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.