လယ်ကျင်း ကျေးရွာ ဘုန်းတော်ကြီး ဈာပန ပွဲတော် အတွင်း မူးယစ်ဆေးဝါး (၁၈) သိန်းကျော်ခန့် ဖမ်းမိ


ဗန်းမောက် ဖေဖော်ဝါရီလ ၁၈ ရက်

စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက် မြို့နယ် ပင့်စင်တဲ ကျေးရွာအုပ်စု၊ လယ်ကျင်း ကျေးရွာ၊ ဘုန်းတော်ကြီး ဈာပနပွဲ အတွင်း မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီ ၁၇ ရက်၊ ည ၁၀ နာရီ ၁၅ မိနစ်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြို့မရဲစခန်းမှူးရုံးမှ ရဲအုပ် မင်းကိုလွင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့ ပူးပေါင်း အဖွဲ့တို့နှင့် အတူ ဗန်းမောက်မြို့နယ် ပင့်စင်တဲ ကျေးရွာအုပ်စု၊ လယ်ကျင်းကျေးရွာ၊ ဘုန်းတော်ကြီး ဈာပနပွဲခင်း အတွင်း လုံခြုံရေး ဆောင်ရွက်နေစဉ် မသင်္ကာသူ ပြည်သိန်းနှင့် တင်ထွန်းဦး ၀န်းသို မြို့နယ်နေသူတို့အား စစ်ဆေး ရှာဖွေခဲ့ရာ ပြည်သိန်း၏ ခါးတွင် ပတ်ထားသော အိတ်အတွင်းမှ Love is flower စာတန်းပါ ဆပ်ပြာခွက် အတွင်း ထည့်ထားလျက် ဘိန်းဖြူဟု ယူဆရသော ဖြူ/ ၀ါ စပ်ကြားအမှုန့် အလေးချိန် (၁၁) ဂရမ်ခန့်ပါ ဆပ်ပြာခွက် တစ်ခွက်၊ တင်ထွန်းဦး ၀တ်ဆင်ထားသော ဂျာကင်အင်္ကျီ အတွင်း ထည့်ထားလျက် PARACETAMOL စာတမ်းပါ အဖြူရောင် ကော်ဗူးအတွင်း ဘိန်းဖြူ ယူဆရသော ဖြူ/ ၀ါ စပ်ကြားအမှုန့် အလေးချိန် (၄) ဂရမ်ခန့်ပါ တစ်ဗူး၊ အဖြူရောင် ကော်ဗူးအတွင်း ထည့်ထားသော ဘိန်းဖြူဟု ယူဆရသော ဖြူ/ ၀ါ စပါကြားအမှုန့် အလေးချိန် (၂) ဂရမ်ခန့်ပါ (၁)ဗူး၊ CELOROFOS စာတမ်းပါ အဖြူရောင် ကော်ဗူးအတွင်း ထည့်ထားသော ဘိန်းဖြူဟု ယူဆရသော ဖြူ/ ၀ါ စပ်ကြားအမှုန့် အလေးချိန် ၁ ဒသမ ၅ ဂရမ်ခန့်ပါ တစ်ဗူး စုစုပေါင်း ၁၈ ဒသမ ၅ ဂရမ်၊ ကာလတန်ဘိုး ၁၈၅၀၀၀၀ိ/- အား အသီးသီး ရှာဖွေ သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ထို့နောက် ပြည်သိန်း (ဘ) ဦးစံကျော် ၃၉ နှစ်၊ ပိန္နဲကုန်းကျေးရွာ ၊ တောင်ကုန်း ကျေးရွာအုပ်စုနှင့် တင်ထွန်းဦး (ဘ) ဦးမောင်ကို ၃၂ နှစ် လှေကြီးကုန်း ကျေးရွာ၊ ကင်းကြိမ်ဖူးကုန်း ကျေးရွာအုပ်စု ၀န်းသိုမြို့နယ် နေသူတို့အား ဗန်းမောက်မြို့နယ် ရဲစခန်းမှ မယ(ပ) ၃/ ၂၀၁၇၊ မူး/ စိတ်ပုဒ်မ ၁၅/ ၁၉(က)/ ၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကျော်စွာ (ဗန်းမောက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လယ်ကျင်း ကျေးရွာ ဘုန်းတော်ကြီး ဈာပန ပွဲတော် အတွင်း မူးယစ်ဆေးဝါး (၁၈) သိန်းကျော်ခန့် ဖမ်းမိ လယ်ကျင်း ကျေးရွာ ဘုန်းတော်ကြီး ဈာပန ပွဲတော် အတွင်း မူးယစ်ဆေးဝါး (၁၈) သိန်းကျော်ခန့် ဖမ်းမိ Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.