ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ကိစ္စရပ်များအား တိတိကျကျကိုင်တွယ်သွားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အမိန့်ထုတ်ပြန်လိုက်ပြီးနောက် လက်တင်အမေရိကနိုင်ငံများမှ ရွှေ့ပြောင်းလာပြီး အထောက်အထားမဲ့နေထိုင်သူ ရာပေါင်းများစွာအား ယခုတစ်ပတ်အတွင်း အနည်းဆုံး ပြည်နယ် ၆ခု၌ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
၎င်းတို့အား လော့အန်ဂျလိစ်မြို့၊ အတ္တလန္တာမြို့၊ ချီကာဂိုမြို့၊ နယူးယောက်မြို့၊ မြောက်ကာရိုလိုင်းနားပြည်နယ် နှင့် တောင်ကာရိုလိုင်းနားပြည်နယ် တို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
၎င်းတို့အနက် ၁၆၁ဦးအား လော့အန်ဂျလိစ်မြို့တွင် ဖမ်းဆီးခဲ့ပြီး အခြား လူ၂၀၀ဦးအား အတ္တလန္တာမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဋ္ဌာနက ဖော်ပြခဲ့ပြီး အာဏာပိုင်များက စုစုပေါင်းအရေအတွက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ အများစု မှာ ရာဇဝတ်ကောင်များဖြစ်ပြီး အချို့မှာ လူသတ်မှု နှင့် အိမ်တွင်းအကြမ်းဖက်မှုများအား ကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခံထားရသူများဖြစ်ကြောင်း သိရသည်။
သို့သော် ထိန်းသိမ်းခံရသူများအနက် အချို့မှာ မှုခင်းမှတ်တမ်းမရှိသူများဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာ က ဖော်ပြခဲ့သည်။
၂၀၁၆ခုနှစ် မဲဆွယ်ပွဲ၌ ဒေါ်နယ်ထရမ့်က မူခင်းမှတ်တမ်းရှိသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၂သန်းမှ ၃သန်းအထိ ပြည်နှင်ဒဏ်ပေးသွားရန် ကတိပြုခဲ့ကြောင်း သိရသည်။
China Xinhua News
အမေရိကန် ပြည်နယ် ၆ခုတွင် အထောက်အထားမရှိသည့် ရွှေ့ပြောင်းနေထိုင်သူ ရာပေါင်းများစွာ အဖမ်းခံရ
Reviewed by THITHTOOLWIN
on
20:17
Rating:
