သထုံတွင် လူတစ်ဦးရထားကြိတ် သေဆုံးမှုဖြစ်ပွား


သထုံ ၊ ဖေဖော်ဝါရီ ၊ ၁၄

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက် မွန်စုပိုင်း ရန်ကုန် မော်လမြိုင်ရထားလမ်းပေါ်တွင် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက လူတစ်ဦးရထားကြိတ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လူတစ်ဦးရထားကြိတ်သေဆုံးနေကြောင်း လိပ်အင်းရပ်ကွက်နေရာအိမ်မှူးဖြစ်သူမှ ဖုန်းဆက် အကြောင်းကြားသဖြင့် တာဝန်ရှိသူများသွားရောက်စစ်ဆေးရာတွင် ရထားလမ်းမိုင်တိုင်အမှတ်၊ ၁၃၇/၂ နှင့် ၁၃၇ /၃ အကြား ရထားသံလမ်းပေါ်တွင် လူတစ်ဦး ဦးခေါင်းကြေအနေထားဖြင့် သေဆုံး နေသည်ကို တွေ့ရှိရကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ သက်နိုင် (ခ) နိုင်ကြီး ၂၂ နှစ် ဘ ဦးသက်ထွန်း လိပ်အင်းရပ်ကွက်နေသူဖြစ်ပြီး ဘုရားပွဲမှပြန်လာစဉ် ရထားတိုက်သေဆုံးသွားကြောင်း အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သထုံမြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၇ ဖြင့် အမှုဖွင့်လှစ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ဦး(သထုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

သထုံတွင် လူတစ်ဦးရထားကြိတ် သေဆုံးမှုဖြစ်ပွား သထုံတွင် လူတစ်ဦးရထားကြိတ် သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.