ကလေးဝမြို့နယ် တရားရုံး ဘီလစ်စာရေးမ အဂတိလိုက်စားမှုဖြင့် ဖမ်းခံရ


မုံရွာ၊ ဖေဖော်ဝါရီ ၈။

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် အမှတ် ၂ ရပ်ကွက်မှ မြို့နယ် တရားရုးံ ဘီလစ် စာရေးမ တစ်ဦး အား အဂတိလိုက်စားမှုဖြင့် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးပြီးနောက် ဖေဖော်ဝါရီ ၆ ရက်နေ့က အမှုဖွင့်တရားစွဲလိုက်ကြောင်း ယင်းကော်မရှင်ထံမှ သတင်းရရှိသည်။

အသက် ၄၆နှစ်အရွယ် ဘီလစ်စာရေးမသည် ကျမ်းကျိန် ရန်လာသော အမျိုးသမီးထံမှ ငွေကျပ် နှစ်သိန်းတောင်းခံသဖြင့် တိုင်ကြားခံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၀ ၇က်က သစ်ချောက်ရွာနေသူ အမျိုးသမီးတစ်​ဦးသည် ၄င်း၏ သေဆုံးသွားသော အစ်မ၏ ဘဏ်အပ်ငွေများကို ပြန်ထုတ်ယူခွင့်ရရန် တရားရုးံသို့ ကျမ်းသစ္စာ ကျိန်ဆိုရန် ဆွေမျိုးများနှင့်အတူ သွားခဲ့သည်။
ထိုစဉ်က တရားရုံးစာရေးမ မှ ငွေကျပ်နှစ်သိန်းတောင်းခံ သဖြင့် နေပြည်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကို နေပြည်တော်မှဆင်းစစ်ဆေးရာ မှန်ကန်ကြောင်း ပေါ်ပေါက်၍ အလုပ်တာဝန်အကြောင်းပြကာ အဂတိလိုက်စားမှု ဖြင့် ကလေးဝမြို့နယ် တရားရုးံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုလုပ်ပြီး မြို့မရဲစခန်းကို တိုင်ခဲ့ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ ဖြင့်အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
ကလေးဝမြို့နယ် တရားရုံး ဘီလစ်စာရေးမ အဂတိလိုက်စားမှုဖြင့် ဖမ်းခံရ  ကလေးဝမြို့နယ် တရားရုံး ဘီလစ်စာရေးမ အဂတိလိုက်စားမှုဖြင့် ဖမ်းခံရ Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.