နေပြည်တော် ဖေဖော်ဝါရီ ၉
လယ်ဝေးမြို့နယ်၊ ဇလီအုပ်စု၊ အေးရှားဝေါကျောက်ကွင်းရပ်နေ ဖိုးကျော်(၄၅)နှစ်ဆိုသူက အသက်(၁၂)နှစ် အရွယ် ညီမဖြစ်သူ မချစ်စု(ခ) မသဲသဲ အား သားမယားပြုကျင့်နေသည်ကို တွေ့မြင်ရ၍ အကိုတော်စပ်သူ မောင်ပြည့်ဖြိုးအောင်က လယ်ဝေးမြို့နယ်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
အမှုဖြစ်စဉ်မှာ မောင်ပြည့်ဖြိုးအောင်သည် လွန်ခဲ့သော(၅)နှစ်ခန့်က ရေတာရှည်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာမှ မိဘများနှင့်အတူ လယ်ဝေးမြို့နယ်၊ ဇလီအုပ်စု၊ အေးရှားဝေါကျောက်ကွင်းရပ်သို့ ပြောင်းရွှေ့လာပြီး ကျောက်ထုလုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း၊ ထို့နောက် မိဘများနှင့်အိုးခွဲပြီး မိဘများနေထိုင်သည့်တဲနှင့်ကပ်လျှက် နေအိမ်တဲတစ်လုံးဆောက်လုပ် နေထိုင်လျှက်ရှိကြောင်း၊ လွန်ခဲ့သောရက်(၂ဝ)ခန့်က နံနက်(၁ဝ)နာရီတွင် ¤င်း၏နေအိမ်တဲဘေးသို့ အပေါ့သွားစဉ် ပထွေးတော်စပ်သူ ဖိုးကျော်ဆိုသူက အသက်(၁၂)နှစ်ခန့်အရွယ်ရှိ ညီမဖြစ်သူ မ----------------- အား သားမယား အဖြစ် ပြုကျင့်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ သို့သော်လည်း ပထွေးဖြစ်သူ ဖိုးကျော်ကိုကြောက်လန့်၍ မပြောဆိုဘဲ နေခဲ့ရကြောင်း၊ ၂ဝ၁၆ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ (၂) နာရီအချိန်ခန့်က ¤င်း၏နေအိမ်တဲတွင်ရှိနေစဉ် ညီမဖြစ်သူ မ----------------- ရောက်လာပြီး ပထွေးဖြစ်သူ ဖိုးကျော်မှာ သူမအားနေအိမ်တဲတွင် သားမယားပြုကျင့် ခဲ့ကြောင်း၊ ယခင်ကလည်း (၄/၅)ကြိမ်မက ပြုကျင့်ခံခဲ့ရကြောင်း ပြောဆိုလာသဖြင့် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ (၁ဝ)ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်တွင် ရာအိမ်မှူး ဦးတင်မြင့်ထံတိုင်ကြားခဲ့ပြီး ဆက်လက်၍ လယ်ဝေးမြို့နယ်ရဲစခန်းသို့ သွားရောက်၍ ပြစ်မှုကျူးလွန်သူအား ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှ အဆိုပါအမှုအား ကြားနာစစ်ဆေးခဲ့ရာ ၂ဝ၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ ဖိုးကျော်၊ အသက်(၄၅)နှစ်၊ လယ်ဝေးမြို့နယ်၊ ဇလီအုပ်စု၊ အေးရှားဝေါကျောက်ကွင်း နေသူအား ရာဇဝတ်ကြီးအမှတ်-၆၇/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ်နှစ်(၂ဝ) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ရဲရဲ(ပျဉ်းမနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အသက်မပြည့်သူ မိန်းကလေးအား သားမယားကျင့်သူကို ထောင်ဒဏ်နှစ်(၂ဝ)ချမှတ်
Reviewed by THITHTOOLWIN
on
20:10
Rating:
