ကမ္ဘာအ၀လွန်အမျိုးသမီး ခွဲစိတ်ကုသရန် အိန္ဒိယနိုင်ငံ မုံဘိုင်းသို့ ရောက်ရှိ


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁

အသက် (၃၆) နှစ်ရှိပြီ ဖြစ်သော ကမ္ဘာအ၀ဆုံး အမျိုးသမီး အီမန်အာမတ် ( Eman Ahmed) သည် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ တွင် ခွဲစိတ်ကုသမှု ခံယူရန် အိန္ဒိယ နိုင်ငံ မုံဘိုင်းမြို့လေဆိပ်သို့ ရောက်ရှိ လာကြောင်း NDTV သတင်းဖော်ပြသည်။

အ၀လွန်မှုကြောင့် အိမ်ထဲမှ အိမ်ပြင်သို့ မထွက်ဘဲ နှစ်ပေါင်း ၂၅ နှစ် နေထိုင်ခဲ့ရသူ အီဂျစ်နိုင်ငံသူ အီမန်အာမတ်သည် မခွဲစိတ်မီ တစ်လနီးပါးခန့် ခွဲစိတ် ဆရာဝန်၏ စောင့်ကြည့်မှုကို ခံယူနေခဲ့ရပြီး သူမ၏ အ၀လွန်မှုကို လျော့ချရန် အိန္ဒိယသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

သူမအား သူမနေထိုင်ရာ အီဂျစ်နိုင်င Alexandria မြို့မှ အိန္ဒိယ နိုင်ငံသို့ မယူဆောင်လာမီ သူမ၏ ဆရာဝန်မှ သုံးလနီးပါး စောင့်ရှောက်ထားခဲ့ပြီး ခရီးစဉ်အတွက် လိုအပ်သော ဆေးဝါး ကုသမှုများကို ကြိုတင် ပြုလုပ်ထားခဲ့သည်ဟု ဆိုသည်။

သူမအတွက် အထူး အိပ်ရာများကို ပြင်ဆင်ခဲ့ရပြီး သူမ၏ ခရီးစဉ်အတွက် သူမစီးနင်းမည့် လေယာဉ်ကိုလည်း ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရပြီး လိုအပ်သော ကရိယာတန်ဆာပလာများကို ဖြည့်တင်းခဲ့ကာ အရေးပေါ်လိုအပ်လာပါက ကုသရန် ဆေးဝါးများနှင့် ကရိယာများ ၊ အောက်စီဂျင် ဗူးများကိုပါ ယူဆောင်လာခဲ့ရသည်ဟု ဆိုသည်။

Narinjara
https://www.facebook.com/Narinjara
ကမ္ဘာအ၀လွန်အမျိုးသမီး ခွဲစိတ်ကုသရန် အိန္ဒိယနိုင်ငံ မုံဘိုင်းသို့ ရောက်ရှိ ကမ္ဘာအ၀လွန်အမျိုးသမီး ခွဲစိတ်ကုသရန် အိန္ဒိယနိုင်ငံ မုံဘိုင်းသို့ ရောက်ရှိ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.