![]() |
(မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မွန်ပြည်နယ် အစိုးရရုံးမှာ တွေ့ရစဉ်) Photo: Kyaw Lwin Oo (facebook) |
သူ့ကိုနိုင်ငံတော်သမ္မတက နှုတ်ခွင့်ပြုတဲ့စာပေးပို့လိုက်ပြီလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက အတည်ပြုပြောကြားပါတယ်။.
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်တာဝန်နဲ့ သူပူးတွဲတာဝန်ယူထားတဲ့ စည်ပင်သာယာရေးဝန်ကြီးနဲ့ ဆောက်လုပ်ရေးဝန်ကြီးရာထူးတွေ နှုတ်ထွက်ခွင့်တင်ထားတာ ဖြစ်ပါတယ်။
ဒါအပြင့် လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်အဖြစ်ကပါ နှုတ်ထွက်သွားမှာဖြစ်ပြီး စီးပွားရေးကိုသာ လုပ်မယ်လို့ ဦးမင်းမင်းဦးက ပြောပါတယ်။
သူ့အနေနဲ့ အများပြောသလို ချောင်းဆုံတံတားကိစ္စကြောင့်ချည်း နှုတ်ထွက်တာမဟုတ်ပဲ အခြားကိစ္စပေါင်းများစွာတွေကြောင့် နှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။
![]() |
ဓါတ်ပုံ - Myanmar President Office |
ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌအဖြစ် တာဝန်ပေးခံထားရာကနေ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုထံ တိုင်ကြားခံရသူတွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဦးမင်းမင်းဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ရဲ့ ခေါ်ယူမေးမြန်းမှုကို ခံရသူလည်းဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်တစ်ဦး နှုတ်ထွက်တာ ဒါပထမဆုံးဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဝန်ကြီးချုပ် ဦးမင်းမင်းကို တာဝန်အားလုံးကနေ နှုတ်ထွက်ခွင့်ပြု
Reviewed by THITHTOOLWIN
on
18:20
Rating:
