![]() |
လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား |
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့၊ အောင်သိဒ္ဓိရပ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း လူနေအိမ်(၁၆)လုံး မီးလောင်ဆုံးရှုံး သွားခဲ့ကြောင်းသိရပါသည်။
သတင်းအရ မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေ ပြည်သူများက သွားရောက်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန် မီးငြိမ်းသွား ခဲ့သည်။
စစ်ဆေးချက်အရ အဆိုပါရပ်ကွက်နေ ဦးသိန်းအောင်(၆၇)နှစ်သည် ၎င်း၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ (၂)ထပ် နေအိမ်၌ လျှစ်စစ်ရေနွေးအိုးတည်ထားရာက အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် လူနေအိမ်(၁၆)လုံး မီးလောင်ဆုံးရှုံး သွားခဲ့သဖြင့် မီးဘေးသင့်ပြည်သူ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၈၉)ဦးတို့အား အမှတ်(၇)အခြေခံ ပညာအထက်တန်းကျောင်း၌ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်းနှင့် ဦးသိန်းအောင် အား မိုးကုတ်မြို့မရဲစခန်း (ပ)၂၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိရပါသည်။
သစ်ထူးလွင်
မိုးကုတ်မြို့ တွင် မီးလောင်မှုဖြစ်ပွား လူနေအိမ်(၁၆)လုံး မီးလောင်ဆုံးရှုံး
Reviewed by THITHTOOLWIN
on
21:00
Rating:
