တံတားဦး ဖေဖော်ဝါရီ ၁
တံတားဦးမြို့နယ် ချောင်းခွနယ်မြေ ရဲစခန်းအပိုင် ဝမ်းသာကုန်းကျေးရွာ ၌ ဇန်နဝါရီ ၃၁ ရက် ညနေ ၃ နာရီက မီးလောင်မှုဖြစ်ပွားကြောင်းသတင်း အရ ချောင်းခွနယ်မြေ ရဲစခန်းမှူး ရဲအုပ်အောင်ကြည်နှင့် တပ်ဖွဲ့ဝင်များ၊ အသိသက်သေများ နှင့်အတူ သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။
ဖြစ်စဉ်မှာ တံတားဦးမြို့နယ် ဝမ်းသာကုန်းကျေးရွာ သနပ်ခါး စိုက်ခြံနေ မမီမီကျော်(ခ)မသဲဝါလှိုင် (၃၁)နှစ်၏ နေအိမ်တဲ သက်ငယ်မိုး ထန်းရွက် ကာ နေအိမ်အတွင်း မီးကြွင်းမီးကျန်မီးဖိုမှ စတင် လောင်ကျွမ်းခဲ့ပြီး နေအိမ် အတွင်း အိပ်ပျော်နေသော မောင်ဇင်မင်းထက် (တစ်နှစ်ခွဲ)ကလေးမှာ မီးလောင် ရာတွင် သေဆုံးသွားခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းရာသို့ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ ကျေးရွာသားများက ဝိုင်းဝန်းငြှိမ်း သတ်ရာ ညနေ ၄ နာခွဲတွင် မီးငြိမ်း သွားခဲ့သည်။
မီးအား ပေါ့ဆစွာ သုံးစွဲသူ မမီမီကျော် (ခ) မသဲဝါလှိုင် အား ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ရဲအုပ်အောင်ကြည်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ချောင်းခွနယ်မြေ ရဲစခန်း(ပ)၄/ ၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃ဝ၄-က ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နေအိမ်မီးလောင်ကျွမ်းရာမှ တစ်နှစ်ခွဲကလေး မီးလောင်သေဆုံး
Reviewed by THITHTOOLWIN
on
11:49
Rating:
