ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာတွင် ပေါ့ဆမီးလောင်၊ နေအိမ် ၁၃ လုံး ဆုံးရှုံး


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ ဖေဖေါ်ဝါရီလ (၉)ရက် ည(၁၀)နာရီ (၄၅) မိနစ်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၃ လုံး ဆုံးရှုံးခဲ့ ကြောင်း သိရပါတယ်။
အဆိုပါ လောင်ကျွမ်းမှုသည် ရှပ်ပုံကျေးရွာ ၀ါးတန်းရပ် ဦးခင်ဇော်-ဒေါ်ဖြူဝင်း ၏ ကုန်ပစ္စည်းများ နှင့် ဒီဇယ်/ဓါတ်ဆီ သိုလှောင်ရာ နေအိမ် မှ ဆေးလိပ်မီး ပေါ့ဆ ခြင်းကြောင့် စတင် လောင်ကျွမ်း ခဲ့ ကြောင်း သိရပါတယ်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်ရ သည့်အကြောင်းအရင်းမှာ ရွာသား ထင်ဇော်(ခ) ထင်ဇော်မြင့် ဆိုသူမှ စည်းကမ်းမဲ့ဆေးလိပ်မီးပစ်ချခဲ့ရာမှ နေအိမ်ဂိုဒေါင်ဘေးတွင် ထားရှိသော ဒီဇယ်ပီပါအား မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်း များအရ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လူ နေအိမ် စုစုပေါင်း (၁၃) လုံး မီးလောင် ပြာကျခဲ့ပြီး ကာလ တန်ဖိုးငွေ (၅၅၀၆၂၅၀) ကျပ် ဆုံးရှုံးခဲ့ကာ အိမ်ထောင်စု (၁၄)စု၊ ကျား(၂၇)ဦး၊ မ(၃၉)ဦး၊ စုစုပေါင်း(၆၆)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သဖြင့် ဝါးတန်းရပ်ရှိ ဘုန်းကြီး ကျောင်းတွင် ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထား ရှိကြောင်း သိရပါတယ်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်ပြီး မီးအား ပေါ့ဆစွာ အသုံးပြုသူ ထင်ဇော်(ခ) ထင်ဇော်မြင့်အား ပုလော မြို့မရဲစခန်း (ပ)၃၁/၂၀၁၇၊ ပြစ်မှု ပုဒ်မ ၂၈၅ အရ အမှုဖွင့်လှစ်ပြီး အရေးယူထားကြောင်း သိရပါတယ်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာတွင် ပေါ့ဆမီးလောင်၊ နေအိမ် ၁၃ လုံး ဆုံးရှုံး ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာတွင် ပေါ့ဆမီးလောင်၊ နေအိမ် ၁၃ လုံး ဆုံးရှုံး Reviewed by THITHTOOLWIN on 09:51 Rating: 5
Powered by Blogger.