ယာဉ်သုံးစီး ဆင့်ကဲတိုက်မှု ဖြစ်ပွား


ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမကြီး ငါးထပ်ကြီးဘုရားရှေ့၌ ယနေ့မွန်းလွဲပိုင်းက ယာဉ်သုံးစီးဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အရှေ့ဘက်ယာဉ်ကြောမှ မောင်းနှင်လာသောYBS ဘတ်စ်ကား အမှတ် ၂၉ ယာဉ်နှင့် ဆန့်ကျင်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသော အငှားယာဉ်နှင့် တိုက်မိပြီး အခြားအငှားယာဉ်တစ်စီးနှင့် ဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့သည်။

ယင်းယာဉ်မတော်တဆမှု ဖြစ်စဉ်ကြောင့်YBS၂၉ ယာဉ်လိုင်းမှာ အနီးရှိ သရက်ပင်ကိုဝင်တိုက်မိပြီး ရပ်တန့်သွားခဲ့ကြောင်း Probox အမျိုးအစားအငှားယာဉ်မှာ ဦးခေါင်းပိုင်းကြေသွားကာ Fielder အမျိုးအစားအငှားယာဉ်မှာ ပလက်ဖောင်းပေါ် ရှိ အရှိန်ထိန်းအမှတ်အသား ဆိုင်းဘုတ်ကိုတိုက်မိပြီး ရပ်တန့်သွားခဲ့သည်။
အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်ပြီးYBS ယာဉ်လိုင်းအမှတ် ၂၉ မှ ယာဉ် မောင်းအား ဖမ်းဆီးထားပြီး လူသေပျောက်မှုမရှိဘဲ ဒဏ်ရာတစ်ဦးသာ ရရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး ယာဉ်ထိန်းတပ်ဖွဲ့ဝင်မျာ့းြှ မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုပြီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သတင်း-အေကေလင်း၊ ဓာတ်ပုံ- တင်စိုး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်သုံးစီး ဆင့်ကဲတိုက်မှု ဖြစ်ပွား  ယာဉ်သုံးစီး ဆင့်ကဲတိုက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 10:34 Rating: 5
Powered by Blogger.