ပုဂ္ဂလိကသတင်းစာတွေ ရပ်တည်နိုင်ဖို့ အခက်ခဲရှိနေတာဟာ နိုင်ငံပိုင်သတင်းစာတွေ ရှိနေခြင်းနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးပြော
ပုဂ္ဂလိကသတင်းစာတွေ ရပ်တည်နိုင်ဖို့ အခက်ခဲရှိနေတာဟာ နိုင်ငံပိုင်သတင်းစာတွေရှိနေခြင်းနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ပြောပါတယ်။ နိုင်ငံပိုင် သတင်းစာတွေရှိနေလို့ ပုဂ္ဂလိကသတင်းစာတွေ ခက်ခဲ၊ တိမ်မြုပ် ပျောက်ကွယ်သွားနိုင်တဲ့အထိ စိုးရိမ်ပူပန်စရာ မရှိပါဘူးလို့လည်းဆိုပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြေပုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းရဲ့ မေးမြန်းမှုကိုပြန်လည်ဖြေကြားရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံပိုင်သတင်းစာထုတ်ဝေတာဟာ ပြည်သူတွေကို အစီရင်ခံဖို့ ထုတ်ဝေနေတာဖြစ်တယ်လို့ လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ လက်ရှိမှာအစိုးရက ထုတ်ဝေခွင့်ပြုထားတဲ့ ပုဂ္ဂလိက သတင်းစာပေါင်း (၃၉)စောင်ရှိနေပြီး အဲဒီသတင်းစာတွေဟာ ပြိုင်တူ ထွက်ရှိလာကြတာကြောင့် ဈေးကွက်သဘောတရားအရခက်ခဲတွေရှိနေရတာကို နားလည်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အများပြည်သူနှစ်သက်လက်ခံတဲ့ သတင်းစာတွေကတော့ ဆက်လက်ရှင်သန်လာမှာဖြစ်တယ်လို့ပြောပါတယ်။
ဒီကနေ့အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က တိုင်းရင်းသားနှင့် ပုဂ္ဂလိက သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်က မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် နိုင်ငံပိုင်သတင်းစာများသည် ပြည်သူ့ကိုယ်စားပြု သတင်းစာများအဖြစ် ရောက်ရှိနိုင်ရန် မည်သို့သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိသည်ကို သိရှိလိုခြင်းမေးခွန်းကိုမေးမြန်းခဲ့တာဖြစ်ပါတယ်။
5 Plus News
https://www.facebook.com/5plusnews/
ပုဂ္ဂလိကသတင်းစာတွေ ရပ်တည်နိုင်ဖို့ အခက်ခဲရှိနေတာဟာ နိုင်ငံပိုင်သတင်းစာတွေ ရှိနေခြင်းနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးပြော
Reviewed by THITHTOOLWIN
on
19:25
Rating:
