အသက်(၇)နှစ်အောက် ကလေးငယ်များကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသူအား စစ်ဆေးမှုများပြုလုပ်နေ


ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်တထောင်လမ်းသွယ်(၂)မှာ မွေးစားကလေး (၇)ယောက်ထဲက အသက်(၇)နှစ်အောက် မိန်းကလေး(၄)ယောက်ကိုမွေးစားထားသူရဲ့ ယာဉ်မောင်းက အဓမ္မပြုကျင့်ခဲ့တယ်လို့ လာရောက်တိုင်တန်းမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့သူကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ်ကြီးကြပ်ရေးမှူးဒေါ်စိုးစိုးထိုက်က ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်တထောင်လမ်းသွယ်(၂)ထဲမှာ ခေါ်ယူမွေးစားထားတဲ့ ကလေး(၇)ယောက်ထဲက အသက်(၇)နှစ်အောက် မိန်းကလေး(၄)ယောက်ကိုမွေးစားထား သူရဲ့ယာဉ်မောင်းကအဓမ္မပြုကျင့်ခဲ့တယ်လို့မေးမြန်းသိရှိရတဲ့အတွက်စစ်ဆေးအရေးယူပေးဖို့ ဗိုလ်တထောင်ရဲစခန်းကို ဇန်န၀ါရီ(၂၅)ရက်ကလာရောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်တယ်လို့ယူဆရသူဟာ အသက်(၄၀)နှစ်ခန့်ရှိသူ ဦးလှမိုးဖြစ်ပြီး ကလေးတွေကိုခေါ်ယူမွေးစားထားသူဒေါ်ခမ်းခမ်းရဲ့ ယာဉ်မောင်းဖြစ်တယ်လို့ လည်းဗိုလ်တထောင်ရဲစခန်း စခန်းမှူးကပြောပါတယ်။ ဒေါ်ခမ်းခမ်းဟာ ကလေးတွေကိုခေါ်ယူမွေးစားထားပေမယ့်လည်းကိုယ်တိုင်စောင့်ရှောက်နေတာမျိုးမဟုတ်ဘဲဒေါ်ညိုဆိုတဲ့ အမျိုးသမီးကိုအခကြေးငွေပေးပြီးထိန်းသိမ်းစောင့်ရှောက်စေတာဖြစ်တယ်လို့သိရပါတယ်။

ခေါ်ယူမွေးစားထားတဲ့ကလေးတွေကိုကလေးသူငယ်အခွင့်အရေး အပြည့်အ၀ပေးပြီးစောင့်ရှောက် ထားတာမျိုးဟုတ်မဟုတ်ကိုသေချာအောင်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီးအရေးယူဆောင်ရွက်ဖို့စီစဉ်နေတယ်လို့လူမှုဝန်ထမ်းဦးစီးဌာနကတာဝန်ရှိသူတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။အဲဒီအမှုနဲ့ပတ်သက်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကိုဆက်သွယ်မေးမြန်းရာမှာခေါ်ယူမွေးစားထားတဲ့အမျိုးသမီးမှာကလေး
ငယ်တွေကိုညှဉ်းပန်းနှိပ်စက်မှု၊ခေါင်းပုံဖြတ်မှုနဲ့လူကုန်ကူးမယ့်ဖြစ်စဉ်မသင်္ကာစရာအချက်တွေမတွေ့ရဘူးလို့ ရဲအရာရှိတစ်ဦးကဖြေကြားခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့နေအိမ်မှာခေါ်ယူမွေးစားထားတဲ့ကလေး ငယ်ပေါင်း(၇)ယောက်ရှိပြီးယောကျာ်းလေး(၂)ယောက်အပါအ၀င်အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့အသက်(၇)နှစ် အရွယ်မိန်းကလေး(၂)ယောက်၊(၅)နှစ်အရွယ်မိန်းကလေး(၁)ယောက်နဲ့(၂)နှစ်(၁၀)လရှိတဲ့မိန်းကလေး(၁)ဦးရှိ တယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာပြစ်မှုကျူးလွန်တယ်လို့ယူဆရတဲ့ဦးလှမိုးကို ဗိုလ်တထောင် ရဲစခန်းမှာချုပ်ရက်ရမန်ယူထားပြီးအမှုတင်စစ်ဆေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။ကလေးငယ်တွေကိုတော့ လူမှုဝန်ထမ်းဦးစီးဌာနမှာခေါ်ယူစောင့်ရှောက်ထားပြီး ကလေးတွေကိုလည်းမေးမြန်းမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ ဒီသတင်းကို Central News Bureau ကသင်းသင်းဇော်ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
အသက်(၇)နှစ်အောက် ကလေးငယ်များကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသူအား စစ်ဆေးမှုများပြုလုပ်နေ  အသက်(၇)နှစ်အောက် ကလေးငယ်များကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသူအား စစ်ဆေးမှုများပြုလုပ်နေ Reviewed by THITHTOOLWIN on 08:03 Rating: 5
Powered by Blogger.