ရွှေဘို-မုံရွာသွားကားလမ်းတွင် ဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ရွှေဘို-မုံရွာသွားကားလမ်းတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အရာတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 စစ်ဆေးချက်အရ ရွှေဘိုဘက်မှ မုံရွာဘက်သို့ ကမ်းပြူကျေးရွာနေ ဇော်မင်း(၄၅)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ မသင်း(၃၀)နှစ် လိုက်ပါလာသော ၂၃ယ/×××× JIALING SUPER CUP အစိမ်းရောင်ဆိုင်ကယ်နှင့် အရာတော်မြို့နေ သန့်ဇင်ထွန်း(၁၈)နှစ် မောင်းနှင်လာသော FEYIN-125 အနက်ရောင်ဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် ဇော်မင်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံး သွားပြီး သန့်ဇင်ထွန်း မသင်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဇော်မင်းနှင့် သန့်ဇင်ထွန်းတို့ (၂)ဦးအား အရာတော်မြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ရွှေဘို-မုံရွာသွားကားလမ်းတွင် ဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ  ရွှေဘို-မုံရွာသွားကားလမ်းတွင် ဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.