31-1-2017
ဇန်န၀ါရီလ (၃၁)ရက်နေ့ က ရှမ်းပြည်နယ် အောင်ပန်းမြို့ မြို့အောင်းရပ်ကွက် ကံသာရပ်နယ်မြေ (၆)တွင် သစ်သားရိုးတပ်ထားသည့် အသွား(၆)လက်မခန့် ရှိ ပေါက်ပြားနှင့် ဖခင်ဖြစ်သူ ဦးကျော်အေး(ခ) ဦးမျိုးမြင့်အား သားအငယ်ဆုံးမှ ပေါက်ပြားနှင့် ထုသတ်မှုဖြစ်ပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်တွင် သမီးဖြစ်သူ မဆုမွန်ဖြိုး နေအိမ်မှ ပြည်သာယာဈေးသို့ သွားရောက် အလုပ်လုပ်ပြီး ညနေ ၅နာရီ ၃၀မိနစ်ခန့်  အချိန်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိရာ ခြံတစ်ဝန်းတည်းနေ ဖခင်ဖြစ်သူ ဦးကျော်အေး(ခ)ဦးမျိုးမြင့် နေထိုင်သော အိမ်၌တံခါးပိတ်ထားခြင်း မရှိဘဲ မှောင်နေ၍ ၎င်းအိမ်သို့ သွားပြီး မီးခလုတ်များအား ဖွင့်ကြည့်ရာ နေအိမ်အတွင်း ဝင်ပေါက် ညာဘက်ဘေးရှိ ဆန်အိတ်အားမှီပြီး သွေးအိုင်ထဲလဲကျနေသော ဖခင်ဖြစ်သူအား တွေ့မြင်လိုက်ကြောင်း သိရသည်။
သမီးဖြစ်သူမှ ရပ်ကွက်လူကြီး ဦးသန်းဝင်းနှင့် ဦးမြင့်နိုင် တို့ထံ သွားရောက်ပြောပြရာ ၊ ၎င်းတို့နေအိမ်သို့ လိုက်ကြည့်ပြီး ဖခင်ဖြစ်သူမှာ သေဆုံးနေကြောင်း သိရှိရသဖြင့် ဖခင်ဖြစ်သူ သေဆုံးမှုနှင့်ပါတ်သတ်၍ မေးမြန်းကြည့်ရာ မောင်အငယ်ဆုံးဖြစ်သူ ထက်ဝေအောင်(ခ) ဖိုးသားမှ ၎င်းကိုယ်တိုင် အရှည်(၂)ပေခန့် ရှိ သစ်သားရိုး တပ်ထားသည့် အသွား(၆)လက်မခန့် ရှိ ပေါက်ပြား နှင့် ထုသတ်လိုက်ကြောင်း ပြောပြသိရှိရသဖြင့် ဖခင်ဖြစ်သူ ဦးကျော်အေး(ခ) ဦးမျိုးမြင့်အား ပေါက်ပြားနှင့် ထုသတ်သူ ထက်ဝေအောင်(ခ)ဖိုးသားအား ဥပဒေအရ အရေးယူပေးပါရန် မဆုမွန်ဖြိုးမှ အောင်ပန်းမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့သည်ဟု သိရှိရပါသည်။
ထိုနောက် အောင်ပန်းမြို့မရဲစခန်းမှ (ပ)၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။
တံမြက်စည်း(MCRA) / ဓါတ်ပုံပေးပို့ သူ - ချယ်ရီမြေမှပန်းပိတောက်
ဖခင်ဖြစ်သူအား သားအငယ်ဆုံးမှ ပေါက်ပြားနှင့် ထုသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
08:01
Rating:
