ကူညီပါရစေ ဆိုင်းဘုတ်တပ်ပြီး တာဝန်ပေါ့လျော့သော ရဲများကို အရေးယူမည်ဟု နယ်လုံဝန်ကြီးပြော


မုံရွာ၊ ဖေဖော်ဝါရီ ၃။

ကူညီပါရစေ ဆိုင်းဘုတ်တပ်ပြီး တာဝန်ပေါ့လျော့ ပျက်ကွက်သော ရဲတပ်ဖွဲ့ဝင်များကို အရေးယူမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က ဖေဖော်ဝါရီ ၃ရက်နေ့တွင်ပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ယင်းမာပင်မြို့နယ်တွင် ၂၀၁၆ခုနှစ်အတွင်းက မြန်မာ-ယန်စီ ကုမ္ပဏီမှ ဒေသခံများကို မြေယာလျော်ကြေးပေးရန် ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ရာ၌ မောင်နှမနှစ်ဦး၏ မြေယာပိုင်ဆိုင်မှုအငြင်းပွားရာ ဓားခုတ်မှု ဖြစ်၍ မြို့နယ်ထွေအုပ်ဒုဦးစီးမှ ရဲစခန်းသို့ အကြိမ်ကြိမ်ဖုန်းဆက်ခေါ်သော်လည်း အမြန်လာရောက်ရန် နှေးကွေးခြင်း၊ အိမ်တစ်လုံး သူခိုးဝင်ခိုးမှု၌ သူခိုးကို ရပ်ကွက်က လက်ရ မိသဖြင့် အုပ်ချုပ်ရေးမှူးက ရဲစခန်းအထိ သွားပို့သော်လည်း နောက်ရက်မှ အမှုဖွင့်ပေးခြင်းများရှိခဲ့သဖြင့် ယင်းမာပင် အမတ်ဒေါ်ခင်နှင်းရီက ထိုကဲ့သို့ ဖြစ်စဉ်များကို ကြပ်မက်ပေးရန် လွှတ်တော်၌ တင်ပြခဲ့ခြင်း ဖြစ်သည်။

"အဲဒီကိစ္စတွေကိုလည်း အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရတယ်။ စုံခုံဖွဲ့ပြီး စစ်မယ်။တကယ်ပဲ ပျက်ကွယ်တယ်ဆိုရင် ရဲစည်းကမ်းနဲ့ အရေးယူမယ်။ နောက်လည်း ဒီဖြစ်စဉ်ကို နမူနာပြပြီး ကျန်ရဲတပ်ဖွဲ့ဝင်တွေကို ဒါမျိုးမဖြစ်အောင် ပြောမယ် "ဟု နယ်လုံဝန်ကြီးက ဆိုသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/
ကူညီပါရစေ ဆိုင်းဘုတ်တပ်ပြီး တာဝန်ပေါ့လျော့သော ရဲများကို အရေးယူမည်ဟု နယ်လုံဝန်ကြီးပြော  ကူညီပါရစေ ဆိုင်းဘုတ်တပ်ပြီး တာဝန်ပေါ့လျော့သော ရဲများကို အရေးယူမည်ဟု နယ်လုံဝန်ကြီးပြော Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.