![]() |
မိုးညို မြို့မရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား |
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် မိုးညိုမြို့နယ် မြို့မရပ် ကွက်ယင်းမာမြိုင်လမ်းတွင် ဖေဖော်ဝါရီ(၂၃)ရက်နေ့  မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာဦးခင်သောင်း(၈၃နှစ်) ကျပန်းလုပ်သား၏ဇနီးဖြစ်သူဒေါ်ငွေ ရှင် အသက်(၈ဝ)နှင့် ကျပန်းလုပ် သူသည် ၄င်း၏နေအိမ် သုံးပင်ပတ် လည်တွင် သွပ်မိုး၊ ထရံကာ၊ ဝါး ခင်းအိမ်ရှိ မီးဖိုဆောင်တွင် ထမင်း အိုးတည်နေစဉ် မီးဖိုမှမီးစများ လွင့်ထွက်သွားပြီး မီးဖိုဆောင်တွင် ကာထားသော ဝါးထရံအား မီးစွဲ လောင်ကျွမ်းရာမှ အနီးဝန်းကျင်ရှိ ဦးခင်လှိုင်(၃၇နှစ်)၊ ဦးအောင်ဌေး (၃၃နှစ်)၊ ကိုဇင်မင်းထွန်း(၂၆နှစ်) တို့၏ ၁၂x၁၂ပေရှိ ဝါးတိုင်၊ ဝါး ခင်း၊ ထရံကာ၊ သွပ်မိုးသုံးပင်နေ အိမ်သုံးလုံး စုစုပေါင်း လေးလုံး တို့အား မီးလောင်ကျွမ်းခဲ့ပြီး ဆုံး ရှုံးမှုတန်ဖိုးငွေကျပ် ၁၄၄ဝဝဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ရှင်ဖြစ်သူ ဦးခင်သောင်းတွင် ယာခြေခုံ၊ ယာဘက်ပါးနှင့်နဖူးတွင် မီးအပူ ဟပ်သည့် ဒဏ်ရာတစ်ချက်စီ (မစိုးရိမ်ရ)ရရှိခဲ့ပြီး ဒေါ်ငွေရှင်မှာ ယာဘက်တံတောင်ဆစ်တွင် မီး အပူဟပ်သည့်ဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)ရရှိခဲ့သဖြင့်မိုးညိုပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။
မီးလောင်ရာသို့ မြို့နယ်သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်နေပြည်သူ များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။ ထမင်းချက်ရာတွင် မီးအား ပေါ့ဆ စွာ အသုံးပြုသဖြင့် မီးစတင်ကူး စက်လောင်းကျွမ်းစေသူဒေါ်ငွေရှင် အား မိုးညိုမြို့မရဲစခန်း (ပ)၃၃/ ၂ဝ၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)
The Union Daily
https://www.facebook.com/uniondaily.net/
မိုးညို မြို့မရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် ၄လုံး မီးလောင်ဆုံးရှုံး
Reviewed by THITHTOOLWIN
on
17:51
Rating:
