ပုသိမ်-မုံရွာ လမ်းမဘေး၌ ရက်သားအရွယ်ကလေးငယ်တစ်ဦး စွန့်ပစ်ထားသဖြင့် ကျေးရွာဒေသခံပြည်သူတစ်ဦးမှ စောင့်ရှောက်မွေးစားထား


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက် ဆွဲလဲကုန်းကျေးရွာ ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေးမိုင်တိုင်အမှတ်၅၆/ဝ နှင့် ၅၆/၁ကြား၌ ၁၉-၂-၂၀၁၇ ရက်နေ့ ည ၇ နာရီခွဲအချိန် ရက်သားအရွယ် ကလေးငယ်(မ)တစ်ဦး(အသက်ရှင်လျှက်)စွန့်ပစ်ထားသည်ကို အဆိုပါကျေးရွာတွင်နေထိုင်သူ ဒေါ်အေးမြခိုင် ၁၄/ငသခ(နိုင်)၁၀၁၃၂၅ အသက်(၄၃)နှစ်မှ တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့သတင်းပေးပို့လျှက် လတ်တလောစောင့်ရှောက်မွေးစားထားကြောင်းသိရှိရသည်။


ဆက်လက်၍ ၂၀-၂-၂၀၁၇ ရက်နေ့ ည ၇ နာရီခန့်တွင် ငါးသိုင်းချောင်းမြို့ ပြည်သူ့ဆေးရုံသို့လာရောက်၍ ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရာ မိခင်နှင့်ကလေးကျန်းမာရေးဌာနဝန်ထမ်းများနှင့်ပြည်သူ့ဆေးရုံရှိတာဝန်ကျကျန်းမာရေးဝန်ထမ်းများက အဆိုပါကလေးငယ်အား လိုအပ်သောကျန်းမာရေးစစ်ဆေးချက်များဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်းသိရှိရသည်။


အဆိုပါကလေးငယ်မှာ ကိုယ်အလေးချိန် (၁ဒဿမ၅)ကီလိုဂရမ်ရှိပြီး မွေးစမှ ခန့်မှန်း ၅ ရက်အတွင်းစွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့်လက်ရှိအချိန်တွင် ကျန်းမာရေးအခြေအနေသင့်တင့်သောအခြေအနေ၌ရှိကြောင်း ဆေးစစ်ချက်မှတ်တမ်းများအရသိရှိရပြီး လတ်တလောစောင့်ရှောက်မွေးစားထားသူ ဒေါ်အေးမြခိုင်မှ ဆက်လက်စောင့်ရှောက်မွေးစားရန် အစီအစဉ်ရှိကြောင်း ပြောကြားထားကြောင်း သတင်းရရှိပါသည်။

စိုးမင်းဦး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပုသိမ်-မုံရွာ လမ်းမဘေး၌ ရက်သားအရွယ်ကလေးငယ်တစ်ဦး စွန့်ပစ်ထားသဖြင့် ကျေးရွာဒေသခံပြည်သူတစ်ဦးမှ စောင့်ရှောက်မွေးစားထား  ပုသိမ်-မုံရွာ လမ်းမဘေး၌ ရက်သားအရွယ်ကလေးငယ်တစ်ဦး စွန့်ပစ်ထားသဖြင့် ကျေးရွာဒေသခံပြည်သူတစ်ဦးမှ စောင့်ရှောက်မွေးစားထား Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.