တောင်ကိုရီးယားရှိ ကုန်တိုက်တစ်ခုတွင် မီးလောင်မှုဖြစ်ပွား၊ လူလေးဦးသေဆုံး


ဆိုးလ် ဖေဖော်ဝါရီ ၅

တောင်ကိုရီးယားနိုင်ငံရှိ ကုန်တိုက်တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားရာ လူလေးဦးသေဆုံးကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားကြသည်။
မြို့တော်ဆိုးလ်တောင်ဘက် ဒုန်တန်းမြို့ရှိ ကုန်တိုက်၏ ကလေးကစားကွင်းတွင် ဖေဖော်ဝါရီ ၄ ရက်က မီးလောင်မှုဖြစ်ပွားခဲ့သည်။မီတာပိုလစ်အမည်ရှိကုန်တိုက်၌ ဆောက်လုပ်ရေးလုပ်သားများ ဂဟေဆော်ရာမှ ထွက်ပေါ်လာသော မီးပွားများမှစ၍ မီးကူးစက်လောင်ကျွမ်းခဲ့သည်ဟု ရဲတပ်ဖွဲ့က သင်္ကာမကင်းဖြစ်လျက်ရှိသည်။
သေဆုံးသူများအနက် နှစ်ဦးမှာ ဆောက်လုပ်ရေး လုပ်သားနှစ်ဦးဖြစ်ကြပြီး ကျန်နှစ်ဦးမှာ ကုန်တိုက် အလုပ်သမားတစ်ဦးနှင့် ဈေးဝယ်သူတစ်ဦးတို့ ဖြစ်ကြ ကြောင်း၊ လူ ၄၇ ဦးမှာ မီးခိုးလုံးများကို ရှူရှိုက်ရသဖြင့် အသက်ရှူ မွန်းကျပ်သည့် ဝေဒနာကို ခံစားကြရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
မီးလောင်မှုဖြစ်ပွားချိန်တွင် ကုန်တိုက်၏ ကလေး ကစားကွင်းကို ပိတ်ထားချိန်ဖြစ်သည်။
အဆောက်အအုံ ပြင်ဆင်သည့် လုပ်သားများက လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းလုံခြုံရေး စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ပုံရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
တောင်ကိုရီးယားရှိ ကုန်တိုက်တစ်ခုတွင် မီးလောင်မှုဖြစ်ပွား၊ လူလေးဦးသေဆုံး တောင်ကိုရီးယားရှိ ကုန်တိုက်တစ်ခုတွင် မီးလောင်မှုဖြစ်ပွား၊ လူလေးဦးသေဆုံး Reviewed by THITHTOOLWIN on 07:45 Rating: 5
Powered by Blogger.