ဆိုလာပြားဖြင့် အားသွင်းရာ ဘက်ထရီအပူလွန်ပြီး ပေါက်ကွဲမီးလောင်မှုဖြစ်ပွား

ဓါတ်ပုံ - Myanmaalinn
မိုးမိတ် ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာတွင် ဖေဖော်ဝါရီ (၂၃) မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ဆိုလာပြားဖြင့် အားသွင်းရာ ဘက် ထရီအိုးမှ အပူလွန်ပြီး ပေါက်ကွဲ ကာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးမိတ်မြို့နယ် မန် ကျည်းပင်ကျေးရွာ (၄)ရပ်ကွက်ရှိ ဦးအောင်သိန်း၏ နေအိမ်တွင် လျှပ်စစ်မီး အသုံးပြုရန်အတွက်300W ရှိ ဆိုလာပြားဖြင့်အား သွင်းထားသော ဘက်ထရီအိုးမှ အပူလွန်ကဲပြီး ပေါက်ကွဲကာ မီး လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


အခင်းဖြစ်ပွားရာနေရာသို့ မြို့နယ် မီးသတ်ဦးစီးဌာနမှမီးသတ်ဦးစီးမှူး နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ယာဉ်လေးစီးဖြင့် အမြန်ဆုံး သွားရောက်ခဲ့ပြီး ကျေးရွာရှိ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း ၍ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မီးကိုလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

 အဆိုပါမီးလောင်မှုကြောင့် ထရံ ကာသွပ်မိုးအိမ်တစ်လုံး၊စပါးကျီနှင့် ၄င်းအတွင်းတွင်သိုလှောင်ထားသော စပါးတင်း ၂ဝဝ ခန့်မှ နှစ်တင်းခန့် နှင့်ဘက်ထရီအိုးနှစ်လုံး၊အင်ဗာတာ တစ်လုံးစုစုပေါင်းကာလတန်ဖိုး ကျပ်၇၈၅ဝဝဝခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာအသုံးပြုသူ ဦးအောင် သိန်းအား မိုးမိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

The Union Daily
https://www.facebook.com/uniondaily.net/
ဆိုလာပြားဖြင့် အားသွင်းရာ ဘက်ထရီအပူလွန်ပြီး ပေါက်ကွဲမီးလောင်မှုဖြစ်ပွား  ဆိုလာပြားဖြင့် အားသွင်းရာ ဘက်ထရီအပူလွန်ပြီး ပေါက်ကွဲမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.