ဝေါမြို့ နယ်၌ ယာဉ်​တိုက်​မှုဖြစ်​ပွား၍ နှစ်​ဦး ​သေဆုံး
ဝေါ ။ဖေ​ဖေါ်ဝါရီ (၂၁)
ဖေ​ဖေါ်ဝါရီ (၂၁) ရက်​ ​နေ့ လည်​ (၁၂) နာရီ​ကျော်​အချိန်​ခန့်က ပဲခူးတိုင်း​ဒေသကြီး ​ဝေါမြို့ နယ်​ အ​ရှေ့ဘက်​ကမ်းရပ်​ကွက်​ပိုင်​ မြို့ အထွက်​ ​ရွှေ​ညောင်​ပင်​​ကွေ့  မိုင်​တိုင်​အမှတ်​ ၇၂/၇ အနီးတွင် ​ယာဉ်​တိုက်​မှုဖြစ်​ပွားပြီး အမျိုးသားနှစ်​ဦး​ အခင်းဖြစ်​နေရာတွင်​​ သေဆုံးသွား​ကြောင်း သတင်းရရှိသည်​။
ဖြစ်​စဉ်​မှာ​ ဖေ​ဖေါ်ဝါရီ (၂၁) ရက်​ ​နေ့ လည်​ (၁၂) နာရီ​ကျော်​အချိန်​ခန့်က မြဝတီဘက်​မှ ရန်​ကုန်ဘက်​သို့ ​ယာဉ်​​မောင်း (အမည်​မသိ စုံစမ်းစစ်​​ဆေးဆဲ) မောင်းနှင်​လာ​သော ယာဉ်​အမှတ်​ ၅ဃ/၁၈၆၄ ယာဉ်​နံပါတ်​ပြားတပ်​ဆင်​ထားသည့်​ HONDI အမျိုးအစားနှစ်​ဆယ့် နှစ်​ဘီးယာဉ်​နှင့်​ Wave i အမျိုးအစား ဆိုင်​ကယ်​တို့  တိုက်​မိရာ ဆိုင်​ကယ်​​​မောင်းနှင်​သူနှင့် လိုက်​ပါစီးနင်းလာသူ (အမည်​မသိ ​နေရပ်​လိပ်​စာ စုံစမ်းစစ်​​ဆေးဆဲ) အမျိုးသားနှစ်​ဦး အခင်းဖြစ်​​နေရာတွင်​​ သေဆုံးသွား​ကြောင်းသတင်းရရှိသည်​။
Ye Gyi Myanmar (Fb)
Powered by Blogger.