ကားတင်သွင်းခွင့်ရ ကုမ္ပဏီများ အခွန်လာမဆောင်လျှင် တရားစွဲမည်


ရန်ကုန် ဖေဖော်ဝါရီ ၂၃

အခွန်ဆောင်ရန် ကြေညာ ထားသည့် ကားတင်သွင်းခွင့်ယူ ထားသောကုမ္ပဏီများ အခွန် လာမဆောင်လျှင် ဥပဒေအရ အရေးယူ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ကားတင်သွင်းခွင့် ရရှိခဲ့ပြီး ပြည်တွင်း၌ကားတင်သွင်းရောင်းချ နေသောကုမ္ပဏီများက အခွန်မ ဆောင်လျှင် သက်ဆိုင်ရာအခွန် ဥပဒေအရ ဒါရိုက်တာစာရင်း တွင် ပါဝင်နေသူများကို တရား စွဲဆိုသွားမည်ဖြစ်ကြောင်း သိရ သည်။

ပြည်တွင်းအခွန်များဦးစီး ဌာနက ယခုဘဏ္ဍာနှစ်အတွင်း အခွန် ဆောင်ရန်ကျန်ရှိနေသော ကား ကုမ္ပဏီ ၁၂ဝ ကျော်ကို အခွန်လာဆောင်ရန် ကြေညာခဲ့ ရာတွင် ၈ဝ ကျော်က လာ ရောက်ပြီး အခွန်စည်းကြပ်မှု ခံယူနေကြောင်း သိရသည်။

အခွန်ဆောင်ရန် ကျန်ရှိနေ သေးသည့်ကုမ္ပဏီ ၄ဝ ကျော် လောက်မှလည်း ထပ်မံလာရောက် ပြီး အခွန်စည်းကြပ်မှုခံယူနိုင် သည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က''ဒါပေမဲ့ အခွန်စည်းကြပ်မှု လုံးဝမလုပ်တဲ့ ကုမ္ပဏီတွေကို တော့ ဥပဒေအရတရားစွဲဆိုသွား မှာပါ''ဟု ပြောကြားခဲ့သည်။

မြင့်မြတ်အောင်မြင်
The Union Daily
https://www.facebook.com/uniondaily.net
ကားတင်သွင်းခွင့်ရ ကုမ္ပဏီများ အခွန်လာမဆောင်လျှင် တရားစွဲမည် ကားတင်သွင်းခွင့်ရ ကုမ္ပဏီများ အခွန်လာမဆောင်လျှင် တရားစွဲမည် Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.