နိုင်ငံပြင်ပရှိ အမေရိကန်ကုမ္ပဏီများတင်သွင်းသောထုတ်ကုန်များအပေါ် အခွန်အခတိုးမြှင့်ကောက်ခံမည်ဟု သမ္မတ ထရန့်ပြော


ဝါရှင်တန် ဖေဖော်ဝါရီ ၁၈

အမေရိကန်နိုင်ငံပြင်ပရှိ အမေရိကန်စက်ရုံ၊အလုပ်ရုံများအနေဖြင့် ၎င်းတို့၏ထုတ်ကုန်များကို အမေရိကန်နိုင်ငံသို့ ပြန်လည် တင်သွင်းသည့်အချိန်တွင် ထိရောက်သော ပြစ်ဒဏ်အဖြစ် အခွန်အခများ တိုးမြှင့်ကောက်ခံခြင်းခံရ မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံသား စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များကို ပြောကြားခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ၇ ရက်တွင် သမ္မတထရန့်က တောင်ကယ်ရိုလိုင်းနားရှိ ဘိုးရင်းလေကြောင်းကုမ္ပဏီသို့ နောက်ဆုံးမော်ဒယ်လ် ဘိုးရင်း ၇၈၇ လေယာဉ်အသစ်များ ဈေးကွက်အတွင်းထုတ်လုပ်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကိစ္စကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန်၏ အမျိုးသားအကျိုးစီးပွား ထိခိုက်မှုမရှိစေရေးအတွက် ကုန်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားတိုင်းပြည်များနှင့် သဘောတူညီမှုများကိုလည်း ပြန်လည်သုံးသပ်မည့် သူ၏အစီအစဉ်ကို သမ္မတထရန့်က ပြောကြားခဲ့သည်။ အမေရိကန် ကုန်သွယ်ရေးမူဝါဒများကိုလည်း တင်းကျပ်စွာ ပြဋ္ဌာန်းမည်ဖြစ်သည်ဟု သမ္မတထရန့်က ဆိုသည်။

အမေရိကန်ပြည်ထောင်စုပြင်ပရှိ အမေရိကန် ကုမ္ပဏီများက တင်သွင်းသော ထုတ်ကုန်များအပေါ် အခွန်အခများ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ပြင်ပနိုင်ငံများရှိ အမေရိကန်ကုမ္ပဏီများက တင်သွင်းသော ထုတ်ကုန်များကို ၃၅ ရာခိုင်နှုန်းထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သမ္မတထရန့်က ကနဦးက ပြောကြားခဲ့သည်။ သို့သော် ယင်းကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိ အကောင်အထည်ဖော်ဆောင်မှုမရှိသေးပေ။

မကြာသေးမီကာလအတွင်း အခွန်အခကောက်ခံ ခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အမေရိကန် နိုင်ငံအတွင်း လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။

အင်န်အိတ်ခ်ျကေ။
https://www.facebook.com/MOIWebportalMyanmar
နိုင်ငံပြင်ပရှိ အမေရိကန်ကုမ္ပဏီများတင်သွင်းသောထုတ်ကုန်များအပေါ် အခွန်အခတိုးမြှင့်ကောက်ခံမည်ဟု သမ္မတ ထရန့်ပြော  နိုင်ငံပြင်ပရှိ အမေရိကန်ကုမ္ပဏီများတင်သွင်းသောထုတ်ကုန်များအပေါ် အခွန်အခတိုးမြှင့်ကောက်ခံမည်ဟု သမ္မတ ထရန့်ပြော Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.