ဖေဖော်ဝါရီ ၁၊ ၂၀၁၇
မောင်တောမြို့နယ် သပြေတောချောင်းဝတွင် မျောလာသော စက်လှေတစ်စီးနှင့် လူ(၂)ဦးအား ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည်။
တပ်မတော်၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဇန်န၀ါရီ ၃၁ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရေမျောကမ်းတင်နေသော အလျား ၃၀ ပေ၊ အနံ ၁၀ ပေခန့်ရှိ မြင်းကောင်ရေ ၁၈ ကောင် တရုတ်အင်ဂျင်တပ်စက်လှေအား သပြေတောချောင်းဝတွင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါစက်လှေပေါ်တွင် စစ်တွေမြို့နယ် နာဇီကျေးရွာနေထိုင်သူ အီနူဘော် အာမတ်၏သား အင်နာရော့ဒူရာ (၂၈)နှစ်နှင့် မောင်တောမြို့နယ် ကညင်တန်းကျေးရွာနေ ဆော်ရာအမိန်၏သား ရှိတ်ကူ (၁၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့၏ ထွက်ဆိုချက်အရ အင်နာရော့ဒူရာသည် လွန်ခဲ့သည့် ၈ နှစ်ခန့်က လည်းကောင်း၊ ရှိတ်ကူသည် လွန်ခဲ့သည့် ၃ နှစ်ခန့်ကလည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်မြို့၊ ရွှေမဖြူချောင်းရွာသို့ သွားရောက်နေထိုင်ခဲ့သူများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
မောင်တောမြို့နယ်၌ ရေမျောကမ်းတင်နေသည့် စက်လှေတစ်စီးနှင့် လူ(၂)ဦး ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
20:01
Rating:
