တနင်္သာရီ နယ်လုံအသစ် တိုင်းလွှတ်တော် အတည်ပြု

( တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအသစ် ဗိုလ်မှူးကြီးကျော်ဇေယျ တိုင်းဒေသကြီးလွှတ်တော်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကတိသစ္စာပြုနေစဉ် ) ဓါတ်ပုံ - ငြိမ်းချမ်းဦး
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင် နေရာမှာ ဗိုလ်မှုးကြီးကျော်ဇေယျ ကို အစားထိုးခန့်အပ်ကြောင်း တိုင်းအစိုးရအဖွဲ့ရဲ့ တင်ပြချက်ကို တိုင်းလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဒီနေ့ တိုင်းဝန်ကြီးချုပ်က တဆင့်တင်ပြပြီး သဘောတူလိုက်တာလို့ ကျွန်းစုမြိုနယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင် က ပြောပါတယ်။

ဒီလုံခြုံရေးရာနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ပေးဖို့ တင်ပြလာတဲ့ ဗိုလ်မှူးကြီးကျော်ဇေယျ ဟာ ဒီနေ့မှာဘဲ တိုင်းဒေသကြီးလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြုခဲ့ပါတယ်။

အရင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့သူဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တနင်္သာရီ နယ်လုံအသစ် တိုင်းလွှတ်တော် အတည်ပြု  တနင်္သာရီ နယ်လုံအသစ် တိုင်းလွှတ်တော် အတည်ပြု Reviewed by THITHTOOLWIN on 17:46 Rating: 5
Powered by Blogger.