ကျောက်မဲ၊ ဖေဖော်ဝါရီ ၄ ။
၂၀၁၇ ခုနှစ်၊ဖေဖော်ဝါရီလ (၄) ရက် ၊ (ယနေ့)ည ၈း၁၅ ၊ အချိန်က၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့၊အနောက်ဘက်၊ ရပ်ကွက်(၉)နယ်မြေ (၃)၊ စွယ်တော်လမ်း ရှိ အိမ်အမှတ်( ၁၁၉) ၊အမှတ်( ၉) ရပ်ကွက်အုပ်ချူပ်ရေးမှူးဦးကျော်အောင်နေအိမ်အတွင်းသို့ ဆိုင်ကယ်စီးလာသည့်အမည်မသိသူနှစ်ဦးက လက်လုပ်မိုင်းဖြင့်ပစ်၍ ထွက်ပြေးသွားခဲ့သည်ဟုကျောက်မဲမြို့၊မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဝင်းခိုင်ကပြောကြောင်း AHN သတင်းထောက်ကယနေ့ ည ၉း၀၀ နာရီတွင်သတင်းပေးပို့သည်။
ဒေသန္တရ လက်လုပ် မိုင်းပစ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း၊ တာဝန်ရှိသူများ အခင်းဖြစ်နေရာသို့ရောက်ရှိစစ်ဆေးနေကြောင်း၊ လုံခြုံရေးကိုလည်းတင်းကျပ်ထားကြောင်း ရဲမှူး ၀င်းခိုင်ကပြောသည်။
“အိမ်မှာက ဦးကျော်အောင်သမီးရယ်၊ ၄နှစ်အရွယ် ယောက်ကျားလေး တစ်ယောက်ရယ်၊ လေဖြတ်ထားတဲ့ အသက် (၈၄) နှစ်အရွယ် ဦးကျော်အောင်အဖေရယ်ရှိနေချိန်မှာ ဒေသန္တရ လက်လုပ်မိုင်းနဲ့ အိမ်ထဲကိုပစ်တာပါ။ အိမ်အနောက်ပိုင်း မှာရှိတဲ့ ကုတင် အောက်ကို ရောက်ပြီး ၊ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲပြီး ကုတင်အောက်မှာ ရှိတဲ့ သတင်းစာစက္ကူတွေ ကိုမီးဆွဲလောင်လို့ ဦးကျော်အောင်သမီးက ငြိမ်းသတ်ခဲ့ရတာပါ။ အခင်းဖြစ်တဲ့ အချိန်မှာ ဦးကျော်အောင်က အမှတ်( ၉) ရပ်ကွက်ရုံးကိုရောက်နေပါတယ်။ လူထိခိုက်မှုမရှိပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးရောက်ရှိ စစ်ဆေးနေပါတယ် ။ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုလည်း မပြောနိုင်သေးပါဘူး “ ဟု ရဲမှူးဝင်းခိုင်ကပြောသည်။
“ည ၈း၁၅ လောက်မှာ အမည်မသိတဲ့ ဆိုင်ကယ်စီးလာသူနှစ်ဦးက လက်လုပ်မိုင်းနဲ့ ၊ ရပ်ကွက် (၉) အုပ်ချုပ်ရေးမှူး အိမ်ဝင်းထဲကို ပစ်သွင်းတာလို့သိရပါတယ်။ အုပ်ချုပ်ရေးမှူးဦးကျော်အောင်ကလည်း ရပ်ကွက်ရုံးရောက်နေတယ်လို့၊ ဦးကျော်အောင်ရဲ့ နေအိမ် အနီးမှာနေထိုင်တဲ့သူတစ်ဦးကကျွန်တော့်ကိုပြောပါတယ်ဗျ “ ဟု AHN သတင်းထောက်ကပြောသည်။
ပေါက်ကွဲသံကဲ့သို့ အသံကျယ်တစ်ခုကို ကြားလိုက်ရသော်လည်း ကျောက်မဲမြို့ အခြေအနေမှာ အေးချမ်းတည်ငြိမ်မှု ရှိပါကြောင်း ကျောက်မဲမြို့ခံများကပြောသည်။
မင်္ဂလာထွန်း ( AHN- KME)
PHOTO - AHN
The Asia Heart News
ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် လက်လုပ်မိုင်းဖြင့် ပစ်ခံရ
Reviewed by THITHTOOLWIN
on
06:16
Rating:
