အလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူသူအား ဖမ်းဆီးအရေးယူထား


နေပြည်တော်၊ ဖေဖော်ဝါရီ ၁

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၇ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့၊ ဇလွန်ပြည်တော်ပြန် ဘုရားဂေါပကရုံးတွင် အလှူခံပုံအတွင်းမှ အလှူငွေများ ခိုးယူနေသူတစ်ဦးအား ဘုရားလုံခြုံရေးအဖွဲ့မှ ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။

 သတင်းအရ ဇလွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်နေ စိုင်းမောင် (၂၂)နှစ်ဖြစ်ပြီး ဘုရားပေါ်ရှိ ဘက်စုံအလှူခံပုံးမှန်ကိုခွဲ၍ ပုံးအတွင်းမှ အလှူငွေများအား ခိုးယူ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဇလွန်မြို့မရဲစခန်း(ပ)၃၈/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀/၂၉၅ ဖြင့် အရေးယူထားကြောင်းသတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
အလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူသူအား ဖမ်းဆီးအရေးယူထား  အလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူသူအား ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.