![]() |
ဓါတ်ပုံ - ဧရာ(ပဲခူး) |
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ်(၃၅/၄)၊ ဟုန်းကရူးစက်ရုံအနီး ပဲခူးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့မောင်းနှင်လာသော ခရီးသည်တင်မှန်လုံကားသည်အရှိန်မထိမ်းနိုင်ဘဲ၊ လမ်းဘေး အုတ်ခုံအား ၀င်တိုက်မိကာ လမ်းဘေးစက်ရုံရှေ့တွင်ရပ်နေသော အမျိုးသမီး(၄)ဦးကို ၀င်တိုက်မိပြီး၊ (၂)ဦးမှာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ကာ ကျန်(၂)ဦးမှာ ဒဏ်ရာအများအပြားရရှိခဲ့သဖြင့် ပဲခူးဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။
“ကားဘရိတ်ပေါက်သွားတယ်လို့ထင်တယ်၊ ကားကလမ်းဘေးဆွဲချပြီး ၊စက်ရုံရှေ့မြက်ခင်းထဲဝင်လာပြီး စက်ရုံအပေါက်အ၀ဈေးဆိုင်ကိုဝင်တိုက်မိပြီး၊ စက်ရုံအပေါက်ဝမှာအလုပ်ဝင်ဖို့ စုနေတဲ့လူအုပ်ထဲကို ၀င်တိုက်မိတော့တာပါပဲ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
ယာဉ်မောင်းမှာ ယာဉ်တိုက်မှုဖြစ်ပြီးပြီးခြင်း ထွက်ပြေးခဲ့သော်လည်း ညနေ(၃)နာရီအချိန်တွင် နယ်မြေခံ အင်းတကော်ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းကို အင်းတကော်မြို့နယ် မြေခံရဲစခန်းမှ ယာဉ်(ပ)၁၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ၊ ၃၀၄(က)/၃၃၈/၂၀၂တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
လူနှစ်ဦးသေဆုံးခဲ့သည့် အင်းတကော်ယာဉ်တိုက်မှုဖြစ်စဉ်မှ ယာဉ်မောင်း လာရောက်အဖမ်းခံ
Reviewed by THITHTOOLWIN
on
11:13
Rating:
