တောင်ကြီး ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပမည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ငြိမ်းချမ်းရေး စကားဝိုင်းတို့သို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်မှ ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံး ဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဟဲဟိုးလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက် တာဖေမြင့်၊ ဒေါက်တာ ၀င်းမြတ်အေး၊ ငြိမ်းချမ်း ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဒုတိယ၀န်ကြီးများနှင့် အတူ ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပ မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ဆက်လက် တက်ရောက် မည်ဖြစ်သည်။
(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့ သို့ ရောက်ရှိ
Reviewed by THITHTOOLWIN
on
19:46
Rating:
