ဆိပ်ဖြူမြို့ တွင် ယာဉ်တိုက်မှုဖြစ် ၂ ဦးသေဆုံး၊ ယာဉ်မောင်ထွက်ပြေး
အနော်ရထာ တံတားချဉ်းကပ်လမ်းတွင် မီနီဘစ်ကား ကလစ်ဆိုင်ကယ်တိုက်မှုဖြစ် ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်
ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့  အနော်ရထာ တံတားချဉ်ကပ်တံတားပေါ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၈နာရီခွဲခန့်က ပြည်ြ့ဖိုးအောင်ယာဉ်လိုင်းမှ မီနီဘတ်ကားနှင့် ဆိုင်ကယ်တစ်စီးမျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပက်သတ်၍ ပြည့်ဖြိုးအောင်ယာဉ်လိုင်းမှ ယာဉ်မောင်း အောင်ဘိုဘိုမင်း(အသက်) ၃၅ (ဘ) ဦးသိန်းဝင်း ချောက်မြို့ အုံပြားစုရပ်ကွက်နေသူ မောင်းနှင်းသည့် 6I-9923 မီနီဘတ်ကား နှင့် ဆိုင်ကယ်အမှတ် ၄၃ယ/ ၈၆၁၁၃ အဖြူရောင် ကလစ်ဆိုင်ကယ်စီးနင်းသူ ဆိပ်ဖြူမြို့နယ် အောက်ဆိပ်ကျေးရွာနေ အာကာဖြိုးနှင့်နောက်ပါသူ နေထက် ၊ကျော်ဇင်မော်ပါ သုံးဦးစီးနင်းသည့် ဆိုင်ကယ်နှင့်မျက်နှာချင်းဆိုင် အနော်ရထာတံတားချဉ်းကပ်ပေါ်တွင် တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးနင်းသူ အာကာဖြိုး အသက်(၂၅) နှစ် အဖ ဦးမြင့်နိုင် အောက်ဆိပ်ရွာ သည်ပေါက်ပြဲဒဏ်ရာများနှင့် နား၊နှာခေါင်းသွေးထွက်၊ ၀ဲဘက်ဦးခေါင်း ဂျိုစောင်းဖူးရောင်ဒဏ်ရာများနှင့် ယာဘက်လက်ကောက်ဝတ်ကျိုး ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပါသည်။
 ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသည့် တရွာတည်းနေ နေထက် ၊အသက်(၂၀)နှစ် ၊ အဖ ဦးရမ်း မှာ ပါစပ်မှသွေးထွက် ၊ယာမျက်ခုံးနှင့် ယာဘက်ပေါင် ပေါက်ပြဲဒဏ်ရာများရရှိခြင်း၊ ကျော်ဇင်မော် အသက်(၂၀) အဖ ဦးညွှန့်မော် မှာ ၀ဲဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်နှင့် ယာဘက်ခြေချင်းဝတ် ပွန်းပဲဒဏ်ရာများရရှိ ကာ စိုးရိမ်ရသောအခြေအနေများကြောင့် ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံမှတဆင့် မကွေးပြည်သူဆေးရုံကြီး သို့ဆေးကုသမှုခံယူရန် လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည( ၁၁)နာရီအချိန်တွင် ကျော်ဇင်မော် အသက်(၂၀) နှစ်သည် မကွေးမြို့၌သေးဆုံးခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရှိရသည်။
ယာဉ်မောင်း အောင်ဘိုဘိုမင်း(အသက်) ၃၅ (ဘ) ဦးသိန်းဝင်း ချောက်မြို့ အုံပြားစုရပ်ကွက်နေသူသည် ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ ဒေသခံပြည်သူတို့မှပူးပေါင်း၍ ဆက်လက်ရှာဖွေဖမ်းခဲ့စီးရာ ဆိပ်ဖြူ-စလင်းကားလမ်း မြင်က၀ကျေးရွာအုပ်စု ဆူလေကုန်းကျေးရွာအနီး ချောင်အတွင်း၌ အဆိုပါထွက်ပြေးမောင်းနှင်းသည်ကားကို တွေ့ရှိခဲ့ပြီး အောင်ဘိုဘိုမင်း မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရှိသည်။
အဆိုပါဖြစ်စဉ်များနှင့်ပက်သတ်၍ ယာဉ်မောင်း အောင်ဘိုဘိုမင်း(အသက်) ၃၅ (ဘ) ဦးသိန်းဝင်း ချောက်မြို့ အုံပြားစုရပ်ကွက်နေသူအား ဆိပ်ဖြူမြို့မရဲစခန်းက ယာဉ်(ပ) ၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/ ၃၃၈ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရှိရသည်။
စိုးလင်းနိုင်(IPRD)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Powered by Blogger.