အကယ်ဒမီမင်းသား နောင်နောင် ဆေးမှုဖြင့် အဖမ်းခံရ


ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီရရှိခဲ့သူ မင်းသားနောင်နောင်ကို ဖေဖော်ဝါရီ ၁၈ ရက် က အမှတ်(၁၂)၊ ၂၆ လမ်း ၈၆ x ၈၇ ကြား၊ သီရိဟေမာအရှေ့ရပ်ကွက် ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးခြံဝင်းထဲရှိ ၄င်း၏နေအိမ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။


မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများကို ၄င်း၏အိပ်ခန်းခြေရင်း စားပွဲခုံအောက် သံသေတ္တာအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပြီး မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် အမှတ်(၆) နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားကာ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

စိုင်းထူးခန့်
News Watch
https://www.facebook.com/NewsWatchJournal/
အကယ်ဒမီမင်းသား နောင်နောင် ဆေးမှုဖြင့် အဖမ်းခံရ အကယ်ဒမီမင်းသား နောင်နောင် ဆေးမှုဖြင့် အဖမ်းခံရ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.