ဘုရားပွဲကြည့်ရန် ခေါ်ဆောင်ခဲ့သော လင်မယားနှစ်ဦးမှ အလိုမတူဘဲ သားမယားပြု့ကျင့်ခဲ့ဟုဆို


ပေါက်မြို့နယ်၊ အုန်းတောတောင်စုရွာနေ အမျိုးသမီးတစ်ဦးက ၎င်းအား ဘုရားပွဲကြည့်ရန်ခေါ်ဆောင်သူ လင်မယားနှစ်ဦးမှ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဆိုကာ ဖေဖော်ဝါရီ(၁၀)ရက်နေ့တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း ပေါက်မြို့မရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ အုန်းတောတောင်စုရွာနေ မ-----၊၁၆နှစ်သည် ဖေဖော်ဝါရီ(၈)ရက်နေ့ ည(၇)နာရီအချိန်က နေအိမ်တွင်ရှိနေစဉ် ပေါက်မြို့၊ အောင်တံခွန်(လေသာ)ရပ်ကွက်နေ မကြင်တိုး၊၃၀နှစ် နှင့် မကြင်တိုး၏ ခင်ပွန်းဖြစ်သူ ချစ်စန်းကို၊၃၄နှစ်တို့ ရောက်ရှိလာပြီး အောင်တံခွန်ရပ်ကွက်ရှိ လေသာတောင်ဘုရားပွဲကြည့်ရှုရန် မ-----၏ဖခင်ဖြစ်သူ ဦးသန်းဝင်းထံ ပြောဆိုခွင့်တောင်း၍ လာရောက်ခေါ်ဆောင်ခဲ့သဖြင့် ဘုရားပွဲသို့လိုက်ပါသွားခဲ့ပြီး မကြင်တိုးတို့ လင်မယားနှစ်ဦးနှင့်အတူ ဇတ်ပွဲကြည့်ရှုခဲ့ကြောင်း၊ ထို့နောက်ယင်းနေ့ ည(၁၁)နာရီ(၅၀)မိနစ်အချိန် မကြင်တိုးတို့နေအိမ် လိုက်သွားခဲ့ပြီး မ----နှင့် မကြင်တိုးမှာ နေအိမ်အောက်ထပ်တွင် တန်းလျားနှစ်လုံးအားဆက်၍ အတူအိပ်ခဲ့ပြီး ချစ်စန်းကိုမှာ တန်းလျားအနီး မြေပြင်တွင် ဖျာခင်းအိပ်ခဲ့ကြောင်း။

ထို့နောက် ဖေဖော်ဝါရီ(၉)ရက်နေ့ နံနက်(၂)နာရီအချိန်ခန့်တွင် မ----သည်အိပ်ပျော်နေစဉ် မကြင်တိုးမှ မ------၏ ထမီ နှင့် အောက်ခံဘောင်းဘီတို့အား အတင်းဆွဲချွတ်နေသဖြင့် လန့်နိုးလာခဲ့ပြီး “အစ်မ ဘာလုပ်တာလဲ”ဟုပြောရာ မကြင်တိုးမှ “မအော်နဲ့ အပေါ်ထပ်မှာ ကောင်လေးတွေရှိတယ်၊ နင်ပဲအရှက်ရမှာ” ဟုပြောပြီး ချစ်စန်းကိုအား နှိုးခေါ်ရာ ချစ်စန်းကိုသည် မ-------၏ခန္ဓာကိုယ်ပေါ်သို့တက်ခွ၍ အလိုမတူဘဲ သားမယားအဖြစ်(၁၅)မိနစ်ခန့် အတင်းအဓမ္မပြုကျင့်ပြီးနောက် မကြင်တိုးမှ “မအော်နဲ့၊ မတိုင်နဲ့၊ ညည်းပဲအရှက်ရမှာ ဘာမှမဖြစ်စေရဘူး “ ဟုပြောပြီး အိပ်ယာ ထဲတွင် ပြန်အိပ်နေခဲ့ကြောင်း။

ထို့နောက် နံနက်(၇)နာရီအချိန်တွင် ၎င်းတို့မှ နေအိမ်သို့လိုက်ပို့ပေးခဲ့ရာ နေအိမ်အတွင်း၌ ထမင်းမစားဘဲနေရာမှ မိခင်ဖြစ်သူဒေါ်သန်းသန်းဝင်းမှ မေးမြန်းခဲ့၍ ဖြစ်စဉ်အား ပြောပြခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ ချစ်စန်းကို နှင့် မကြင်တိုးတို့(၂)ဦးအား အရေးယူပေးရန် ဖေဖော်ဝါရီ (၁၀)ရက်နေ့တွင် မ-------မှတရားလိုပြုတိုင်ကြားခဲ့၍ ပေါက်မြို့နယ်၊ မြို့မရဲစခန်းက (ပ)၂၆/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့်အမှုဖွင့်ထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘုရားပွဲကြည့်ရန် ခေါ်ဆောင်ခဲ့သော လင်မယားနှစ်ဦးမှ အလိုမတူဘဲ သားမယားပြု့ကျင့်ခဲ့ဟုဆို ဘုရားပွဲကြည့်ရန် ခေါ်ဆောင်ခဲ့သော လင်မယားနှစ်ဦးမှ အလိုမတူဘဲ သားမယားပြု့ကျင့်ခဲ့ဟုဆို Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.