![]() |
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားနေစဉ် (ဆင်ဟွာ) |
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ရှိ စွန့် ပစ်ပစ္စည်း ပြန်လည်သန့် စင်အသုံးပြုသည့် စက်ရုံတစ်ခုတွင် ယနေ့ ( ဖေဖော်ဝါရီ ၂၃ ရက် ) တွင် မီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ပွားလျက်ရှိရာ မီးသတ်သမားပေါင်း ၁ဝဝ ကျော်ဖြင့် မီးငြှိမ်းသတ်နေရကြောင်း သိရသည်။
အဆိုပါ စွန့် ပစ်ပစ္စည်း ပြန်လည်သန့် စင်သည့် စက်ရုံ မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသော မီးခိုးလုံးကြီးများကို မြို့ တွင်း နေရာ အနှံ့ အပြားမှ မြင်တွေ့ နေရကြောင်း ၊ မီးသတ်သမားများက အခင်းဖြစ်နေရာ အနီး ပတ်ပတ်လည်လည်ကို လုံခြုံရေးကြိုး တား၍ ဒေသခံများ နှင့် စက်ရုံများမှ အနီးအနားအလုပ်သမားများကို ဘေးကင်းရာသို့ ရွှေ့ ပြောင်းပေးနေကြောင်း သိရသည်။
အခင်းဖြစ်နေရာရှိ လူအားလုံးကို ရှင်းလင်းဖယ်ရှားထားပြီ ဖြစ်သော်လည်း လုံခြုံ စိတ်ချရမှု အန္တရာယ် များကြောင့် အဆောက်အအုံထဲသို့ ဝင်၍ မီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ဆစ်ဒနီမြို့ ၌ မီးအကြီးအကျယ်လောင်ကျွမ်းနေ ၊ မီးသတ်သမား ၁ဝဝ ကကျော်ဖြင့် ငြှိမ်းသတ်နေရ
Reviewed by THITHTOOLWIN
on
11:24
Rating:
