မြောက်ကိုရီးယားသံတမန် ရိုင်းစိုင်းကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား

( မလေးရှားဝန်ကြီးချုပ် နာဂျစ်ကို တွေ့ရစဉ် ) Photo: Wikipedia
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အကို ကင်ဂျုံနမ်းကို ဘယ်လိုပစ္စည်းသုံးပြီးသတ်သွားလဲ ဆိုတာကို စုံစမ်းဖော်ထုတ်နေဆဲပဲလို့ မလေးရှားအာဏာပိုင်တွေက ဒီနေ့ပြောလိုက်ပါတယ်။

သူ့ကို အဆိပ်ပြင်းတမျိုးနဲ့ လုပ်ကြံလိုက်တာလို့ ရဲတပ်ဖွဲ့က ယူဆထားပေမယ့် အသုံးပြုလိုက်တဲ့ ပစ္စည်းအမျိုးအစားနဲ့ ပတ်သက်လို့ရော ဘယ်လိုသေဆုံးသွားတယ်ဆိုတာကိုပါ စစ်ဆေးနေတုန်းပဲလို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အဗ်ဒူလာက ပြောပါတယ်။ ဒါ့အပြင် ကင်ဂျုံနမ်းရဲ့ မျိုးရိုးဗီဇ DNA လည်း မရသေးဘူးလို့ ဆိုပါတယ်။

မလေးရှားရဲ့စုံစမ်းစစ်ဆေးချက်ကို လုံးဝမယုံကြည်ဘူးလို့ မြောက်ကိုရီးယားသံအမတ်ကြီးရဲ့ ပြောကြားချက်ဟာ သံတမန်နည်းလမ်းအရ အင်မတန် ရိုင်းပြတဲ့ ပြောဆိုမှုဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်နာဂျစ်က ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ မလေးရှားနဲ့ မြောက်ကိုရီးယားသံတမန်ဆက်ဆံရေးတင်းမာနေသလို ဒီလုပ်ကြံမှုကို မြောက်ကိုရီးယားထောက်လှမ်းရေးတွေစီစဉ်တာလို့ ယုံကြည်ရတဲ့အကြောင်း တောင်ကိုရီးယားနဲ့ အမေရိကန်က ပြောဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မြောက်ကိုရီးယားသံတမန် ရိုင်းစိုင်းကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား မြောက်ကိုရီးယားသံတမန် ရိုင်းစိုင်းကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.