ကားနှင့်သုံးဘီးဆိုင်ကယ်တိုက်မိ၊ နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ


သုဝ္ဏဝတီ ဖေဖော်ဝါရီ ၁၉

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီ မြို့ သိမ်ဆိပ်ရပ်ကွက် အထက်လေသာ ဘုန်းတော်ကြီးကျောင်းရှေ့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် ၌ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ၂ နာရီ မိနစ် ၅ဝ ခန့်က ကားနှင့် သုံးဘီးဆိုင်ကယ် တိုက်မိပြီး နှစ်ဦးသေ၊ ငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့ဘက်မှ ရန်ကုန် မြို့ဘက်သို့ ကုန်ပစ္စည်းများ တင်ဆောင် လာသော ယာဉ်မောင်း အမည် နေရပ် လိပ်စာ(စုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်သည် ရှေ့မှ ရုတ်တရက် ရပ်တန့် လိုက်သော ယာဉ်မောင်း ဦးကျော်ကျော် ထွန်း မောင်းနှင်လာသည့် သုံးဘီး ဆိုင်ကယ်အား အနောက်မှ တိုက်မိရာ သုံးဘီးဆိုင်ကယ်မှာ လမ်းမပေါ်၌ တိမ်းမှောက်သွားပြီး ဟိုင်းလတ်ယာဉ်မှာ လမ်း၏ ညာဘက်ခြမ်းရှိ ရေမြောင်း ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ သည်။

သုံးဘီးဆိုင်ကယ်ပေါ်၌ လိုက်ပါလာ သည့် ဒဏ်ရာရရှိသူများအား သိမ်ဆိပ် တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသစဉ် ဒေါ်အေးအေးခိုင်နှင့် ဒေါ်တင်တင်သည် သေဆုံးသွားပြီး ကျန် ဒဏ်ရာရရှိသူ ငါးဦး (မစိုးရိမ်ရ)မှာ ဆေးကုသမူခံယူလျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သုဝ္ဏဝတီ မြို့ သိမ်ဆိပ်နယ်မြေရဲစခန်းမှ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အမည်မသိ နေရပ်လိပ်စာ(စုံစမ်းဆဲ)အား အမြန်ဆုံးဖမ်းဆီးရမိရန် ဆောင်ရွက် လျက်ရှိပြီး သုံးဘီးဆိုင်ကယ်မောင်းနှင် သူ ဦးကျော်ကျော်ထွန်းအား အမူဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 ခွန်(ဝင်းပ)
https://www.facebook.com/MYANMAALINNNEWS
ကားနှင့်သုံးဘီးဆိုင်ကယ်တိုက်မိ၊ နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ ကားနှင့်သုံးဘီးဆိုင်ကယ်တိုက်မိ၊ နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 09:24 Rating: 5
Powered by Blogger.