ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွား


မင်းဘူး ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာမြောက်ဘက်၊ မင်းဘူး-မင်းလှကားလမ်း၊ ပေါင်းကူး တံတားအမှတ်(၃/၅)အနီး၊ မိုင်တိုင်အမှတ် (၄/၄)နှင့် (၄/၅)အကြား၊ မင်းလှမှ မင်းဘူးဘက်သို့ မောင်းနှင်လာစဉ် လမ်းယာဘက်ဘေး (၇)ပေခန့်အကွာ၊ (၁၀)ပေခန့်အနက်ရှိ ချောက်ထဲသို့ ဖေဖော်ဝါရီလ (၇)ရက်နေ့ (၂၀း၂၀)အချိန်က ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက် ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယာဉ်မောင်း အောင်ဖြိုးကို (၂၇)နှစ်ကျောင်းကုန်းရပ်ကွက် အင်းစိန် မြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ရဲကျော်ဦး(၂၅)နှစ် ပေါက်ငူကျေးရွာ၊ မင်းဘူး(စကု)မြို့နယ်တို့ စီးနင်းလိုက်ပါလာသော ယာဉ်အမှတ် 9I/ ……… NISSAN(၂၂)ဘီး ဆီဘောက်ဆာ ယာဉ်သည် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း၊ ရေနံဓါတုဗေဒစက်ရုံစု၊ မင်းလှမြို့နယ်၊ သံပုရာကန်မှ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့သို့ (ခွင့်ပြုချက်ဖြင့်) ရိုးရိုးဒီဇယ်ဆီ (၈၅၀၀)ဂါလံခန့်သယ်ဆောင်၍ မောင်းနှင်လာစဉ် မင်းဘူး-မင်းလှကားလမ်း၊ ပေါင်းကူး တံတားအမှတ် (၃/၅)အနီ၊ မိုင်တိုင်အမှတ် (၄/၄)နှင့် (၄/၅)အကြား၊ မင်းလှမှ မင်းဘူးဘက်သို့ေ မာင်းနှင်လာစဉ် လမ်းယာဘက်ဘေး (၇)ပေခန့်အကွာ၊ (၁၀)ပေခန့်အနက်ရှိ ချောက်ထဲသို့ အရှိန်မ ထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။


အဆိုပါ ယာဉ်တိမ်းမှောက်ရာနေရာသို့ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး အတွက် မင်းဘူးမြို့မ စခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မိုးကျော်ဟိန်းနှင့် အဖွဲ့၊ ထောက်ရှာပင်/ကမ်းနီရေနံမြေမှ မီးသတ် ဒုဦးစီးမှူး ဦးမောင်နုပါ ရွှေရောင်တော်ကျေးရွာ အရန် မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့မှ မီးသတ်ရေယာဉ် (၁)စီး ဖြင့် ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အောင်ဖြိုးကိုအား မင်းဘူးရဲအုပ် မိုးကျော်ဟိန်းမှ တရားလိုပြုလုပ် တိုင်တန်း၍ မင်းဘူးမြို့မစခန်း ယာဉ်(ပ) ၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉ဖြင့် အမှုရေးဖွင့်ပြီး ဒုရဲအုပ် လှဆန်းဝေမှ စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

ဖိုးပြည့်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွား  ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.