ဝေါမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချူပ်မှူး အဖြုတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ပဲခူးမြို့ပေါ်တွင် လူပေါင်း ၃၀၀ ကျော်ဆန္ဒပြ
ဝေါမြို့နယ်အတွင်းရှိ အဗျားဗိုလ်တဲကျေးရွာ အုပ်ချူပ်မှူး အဖြုတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ပဲခူးမြို့ပေါ်တွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက လူပေါင်း ၃၀၀ ကျော်ဖြင့် ဆန္ဒပြကြောင်း ပဲခူးမြို့ခံပြည်သူများ ပြောပြချက်အရ သိရသည်။
ဆန္ဒပြသူများသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီခန့်က ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့မှ ပဲခူးမြို့ တောင်ငူလမ်းအတိုင်း ချီတက်ဆန္ဒပြပြီး ယင်းနောက် ရွှေမော်ဓော ဘုရားလမ်းထဲသို့ဝင် ကာ ရွှေမော်ဓော ဘုရားရှေ့တွင် ဆန္ဒပြခြင်း အစီအစဉ်ကို ရပ်နားခဲ့ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်သူများသည် ဝေါမြို့နယ် အဗျားဗိုလ်တဲကျေးရွာ အုပ်ချူပ်ရေးမှူးအား တိုင်ကြားခံရသည့် တိုင်ကြားစာနှင့် ပတ်သက်ပြီး မြို့နယ်မှ တာဝန်ရှိသူများ ပါဝင်သည့် စုံခုံအဖွဲ့ ၂ ဖွဲ့မှ စစ်ဆေးပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးမှ ဖြုတ်ချခံရသည့်အပေါ် ကျေးရွာသားများက မကျေနပ်သည့်အတွက် ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောပြချက်များအရ သိရသည်။
ပဲခူးမြို့တွင် နေထိုင်သူ ကိုဇော်ထက်က “မနက်က ပဲခူးမှာ ၉ နာရီထိုးခါနီးလောက် စတယ်။ ပဲခူးမှာ လွှတ်တော်ရုံးရှေ့ကနေ စထွက်တယ်။ လူအင်အား ၃၅၀ လောက်ပါတယ်။ အဲ့ဒီ လွှတ်တော်ရုံးရှေ့ကနေ တောင်ငူ လမ်းအတိုင်း ရွှေမောဓောဘုရားလမ်းကို ၀င်တယ်။ ရွှေမောဓော ဘုရားအရှေ့မှာ သူတို့ပြီးသွားတယ်။ အဲ့ဒါပြီးသွားတော့ ၂ နာရီကျရင် ဝေါမြို့ မှာ ဆန္ဒပြန်ပြမယ်လို့ သိရတယ်။ တစ်ဖက်သတ် တိုင်ခံထားရတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်သိန်းကို အုပ်ချုပ်ရေးမှူး နေရာ ပြန်ပေးဖိုအတွက် ဆန္ဒပြတာလို့ သိရတယ်” ဟု ၎င်း၏ မျက်မြင်ကြုံတွေ့မှုအား ပြောပြသည်။
ဆန္ဒပြတောင်းဆိုသူများက “ကျေးရွာအုပ်ချူပ်ရေးမှူး ဦးစိန်သိန်းအား အမြန်ဆုံး ပြန်လည် ခန့်အပ်ပေးရေး..ဒို့အရေး”၊ “ကျေးရွာအုပ်ချုပ်ရေးမှူးအား တစ်ဖက်သတ် ဆုံးဖြတ်သည့်ခုံစုံအဖွဲ့ ၂ ဖွဲ့အား ပြန်လည်စိစစ်ပေးရေး.. ဒို့အရေး”၊ “ကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်ကြားထားသည့်စာ အား ပြန် လည်ဖော်ထုတ်ရေး.. ဒို့အရေး”၊ “ပြည်သူလူထုက ထောက်ခံတင်မြောက် ထားသည့် ဦးစိန်သိန်းအား ပြန်လည်ခံပေးရေး.. ဒို့အရေး” စသည့် တို့ကို ကြွေးကြော်ကြကြောင်း ပဲခူးမြို့ခံများမှ တင်ထားသည့် အင်တာနက် ရုပ်သံမှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ-Tun Win FB,
စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies
ဝေါမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချူပ်မှူး အဖြုတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ပဲခူးမြို့ပေါ်တွင် လူပေါင်း ၃၀၀ ကျော်ဆန္ဒပြ
Reviewed by THITHTOOLWIN
on
18:08
Rating:
